Powered by Blogger.
Labels
- MP3 (1)
- ကယ်ဆယ်ရေးလုပ်ငန်းများ (1)
- ကျန်းမာရေး (2)
- ဆရာတော်ကြီးများ (3)
- ဆွမ်းလောင်းအသင်း (203)
- တစ်ဦးချင်းလှူဒါန်းမှု (12)
- တနင်္လာနေ့ဆွမ်းလောင်းလှူခြင်း (30)
- ယာနဒါနအလှူ (1)
- အခမဲ့ကွန်ပျူတာသင်တန်းများ (1)
- အနာကြီးရောဂါသည်များ (7)
- အလှူ (3)
- ဆောင်းပါး (1)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် (3)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ဟောကြားပြီး တရားတော်များ (5)
Blog Archive
-
▼
2011
(22)
-
▼
September
(11)
- မြရတနာတွင် အ၀ီစီရေတွင်း ဖွင့်ပွဲ အထိမ်းအမှတ်
- အလှူရှင် ကိုကြီး မှ လှူဒါန်းသော အ၀ီစိရေတွင်း၊လေမှုတ...
- မြရတနာ တွင် စက်ရေတွင်း၊ရေကန်၊အင်ဂျင်များ အလှူ
- လောကနှင့်လောဘ
- မြရတနာသို့ရောက်ရှိခြင်း
- မြရတနာအနာကြီးရောဂါသည်ရပ်ကွက်
- စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း
- အခမဲ့ကွန်ပျူတာသင်တန်းများဖွင့်လှစ်ခြင်း
- No title
- No title
- မေတ္တာရှင်ဖောင်ဒေးရှင်း စတင်တည်ထောင်ခြင်း
-
▼
September
(11)
ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ
Tuesday, 20 September 2011



စစ်ကိုင်းမြို့၊ ရွှေမင်းဝံအုပ်စုတွင် “မြရတနာ”ဆိုသော အနာကြီးရောဂါသည် ရပ်ကွက်လေးတစ်ခု ရှိပါသည်။ ထိုရပ်ကွက် သည် နာမည်လေးကလှသော်လည်း အပြစ်မရှိဘဲ ဒဏ်ခတ်ခံထားရသော လူသားများနေ ထိုင် ကြပါသည်။ ထိုလူသားများကို အနီးစပ်ဆုံးစစ်ကိုင်းမြို့ကပင် လူတိုင်းကတွေ့လျှင် ဘေးကရှောင်ကွင်းသွားကြ သည်။ အဆိုပါလူသားများ၏ အလုပ်အကိုင်အသက်မွေးဝမ်းကျောင်းမှာ ပလပ်စတစ်ကောက်ခြင်း၊ တောင်းရမ်း စားသောက်ခြင်းတို့ဖြစ်ပါသည်။
အဘယ့်ကြောင့်ထိုလူသားများ အခြားအလုပ်အကိုင်များမလုပ်ကြဘဲ တောင်းရမ်းစားသောက်၊ ပလပ်စတစ်ကောက်ကြရသနည်း ဟုမေးမြန်းချင်စိတ်ဖြစ်မိပါမည်။
ထိုလူသားများသည် ဘ၀ပေးကုသိုလ်ကံအရ အနာကြီးရောဂါ ဟုခေါ်ဆိုသော ခြေတို၊လက်တို လူတိုင်းနားလည်သလိုပြောရလျှင် အနူ များဟုခေါ်ကြသည်။ အနူဟုဆိုရာ၌ ထိုလူများကို နှိမ်လို၍ ယခုလိုရေးသားခြင်းမဟုတ်ပါ။ တစ်ချို့လူသားများက အနာကြီးရောဂါဆိုလျှင် လူတိုင်းမသိသောကြောင့် သုံးနှုံးခြင်းဖြစ်ပါသည်။
အဆိုပါရပ်ကွက်မှလူသားများအား မည်သူကမှအလုပ်အကိုင်မပေး။ မပေးဟုဆိုရာ၌ စာဖတ်သူတို့ စဉ်းစားကြည့်စေချင်ပါသည်။ အနူ ရပ်ကွက်က အနူရဲ့သားသမီးလက်ဖက်ရည်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်ပြီ ဆိုပါစို့။ ဘယ်သူလာပြီးလက်ဖက်ရည်သောက်ကြမည်နည်း?။ ပန်းရံ၊လက်သမားလုပ်ပြီဆိုပါစို့ ဘယ်သူကခေါ် ခိုင်းမှာတုန်?။ သူတို့အနာဂတ် ကဘာလဲ?။ သတို့ဘ၀ရည်မှန်းချက်တွေ ရည်မှန်းခွင့်မရှိတော့ဘူးလား?။
ယခင်က အဆိုပါရပ်ကွက်ရှိကလေးများပညာသင်ကြားခွင့်ပင်မရရှိကြပေ။ ထိုရွာမှကလေးများကို မည်သည့်ကျောင်းကမှလက်မခံပေ။ ၂၁ ရာစုတွင် စာရေးဆရာ ဦးချစ်စံဝင်းကောင်းမှုကြောင့် မူလတန်း ကျောင်းကို သင်ကြားခွင့်ရနေပေပြီ။ ထိုမူလတန်းကျောင်းကလေးမှာ ၄ တန်းအထိသာသင်ကြားခွင့်ရကြသည်။
ထိုရွာမှ ၄ တန်းအောင်ပြီးကလေးကို စစ်ကိုင်းမြို့နယ်ရှိ မည်သည့်ကျောင်းကမှ ၅ တန်းလက်မခံပေ။ ဤမျှ လောက်အထိ ဒဏ်ခတ်ခံထားရပါသည်။
ယခုထိုကျောင်းတွင် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ မှအကျိုးဆောင်ရွက်မှုဖြင့် ကလေးငယ်များအား အနာဂတ်ကြယ်ပွင့်များမွေးထုတ်ပေးနိုင်လေပြီ။ ၆ တန်းအထိမူလွန်ကျောင်းဖွင့်ခွင့်ကို ၂၀၁၀~၂၀၁၁ ခုနှစ် ပညာသင်နှစ်တွင်မေတ္တာရှင်ဆရာတော်မှ တစ်လလျှင် ၆ သောင်းကျပ် ကိုဖြိုး၊ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်း)
မှ တစ်လလျှင်၂သောင်းကျပ်၊ ဒေါ်ဥမ္မာဌေး ရန်ကုန်မြို့မှ တစ်လလျှင် ၂သောင်းကျပ်၊ စုစုပေါင်း တစ်သိန်းကျပ် ဖြင့် ဆရာမ နှစ်ဦးငှားရမ်းလျှက် သင်ကြားပေးခဲ့ရာပါသည်။
ဆက်လက်ဖော်ပြပါမည်............။
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment