Powered by Blogger.

ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ

သြ၀ါဒစကား လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ ယူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို သိမ်းပိုက်ခြင်းဖြစ်သည်။ လှူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် ထိုလောဘ၊ ဒေါသ စသော ကိလေသာကုန်ရာကို ပြောခြင်းဖြစ်သည်။ မေတ္တာရှင်(ရွှေပြည်သာ)
Wednesday, 28 September 2011

စစ်ကိုင်းမြို့နယ် မြရတနာ ရပ်ကွက်တွင် အလှူရှင် "ကိုကြီး"မှ အ၀ီစိရေတွင်း၊ရေစက်၊အင်ဂျင်၊ရေကန်များလှူဒါန်းပြီး ကိုထက် မန္တလေးမှ
ရပ်ကွက်သူရပ်ကွက်သားများ တရားနာယူနိုင်ရန်အတွက် အသံချဲ့စက်၊ဟွန်းများလှူဒါန်းခဲ့ပါသည်။ အဆိုပါပွဲ ၁၃.၁၂.၂၀၀၉ ရက်နေ့ နံနက်ပိုင်းတွင် စာရေးဆရာ၊ ဦးဘုန်း(ဓါတု)၊ ဆရာဇော်ခိုင်ဦး၊ ဆရာမချောအိမာန်တို့ မှ ခေါင်းစဉ်အသီးအသီးဖြင့်ဟောပြောခဲ့ကြပါသည်။
ဆရာမချောအိမာန် မှ"ဘယ်လိုလျှောက်ကြမလဲ"
ဦးဘုန်း(ဓါတု) မှ"ရေအိုင်ထဲကဖား"
ဆရာဇော်ခိုင်ဦး မှ"စာနာလမင်း"

ဆိုသောခေါင်းစဉ်အသီးသီးဖြင့် ဟောပြောပေးခဲ့ကြပြီး
ကိုသစ်ကိုမှ "သန့်လေးသန့် ပညာပေး" ဟောကြားခဲ့ပါသည်။
ဒေါက်တာ ညီလရောင်မှ "သားဆက်ခြား ပညာပေး" ဟောကြားပေးခဲ့ပြီး
ကလေးငယ်များအား ဗလာမပါ မဲများ မဲဖောက်လှူဒါန်းပေးခဲ့ကြပါတယ်။
ညနေပိုင်းတွင် တစ်ရပ်ကွက်လုံး စတုဒီသာကျွေးမွေးကြပါတယ်။
ထမင်းရည်ချောင်းစီး မောင်းတီးပြီး လှုတတ်တဲ့ ဦးဇင်းတို့မြန်မာလူမျိုးတွေရဲ့ လှပတဲ့ ယဉ်ကျေးမှုကို ဒီညနေမှာ မြင်လိုက်ရပြန်ပြီလေ။
အလှုရှင်ကတော့ ကိုဖြိုးနဲ့ကိုထက် ဆိုပေမယ့် အားလုံးက ရေတွင်းအလှုမှာ ညီရင်းအကိုတွေလိုဖြစ်နေကြတော့ ဝိုင်းကြဝန်းကြနဲ့ ရပ်ကွက်သူရပ်ကွက်သားတွေတောင် အလှုရှင် ဘယ်သူဆိုတာ မျက်စေ့ လည်သွားကြတယ်။

လူတွေကလဲ စားလိုက်ကြတာရယ်လေ တကယ့်ကို အားရပါးရပဲ ။ အခု စာဖတ်နေတဲ့ ဒကာ/ဒကာမ ကို တကယ့် ကို မြင်စေ့ချင်မိတယ် ။ အလှုရှင်တွေက ရပ်ကွက်သူရပ်ကွက်သားတွေအပေါ် ရင်းရင်းနှီးနှီး နောက်လိုက်ပြောင်လိုက်နဲ့ စားကြသောက်ကြ ထမင်းတွေထည့်ပေးလိုက် ဟင်းတွေ လိုက်ဖြည့်ပေးလိုက်နဲ့ ဝမ်းမြောက်စရာပါပဲ။

ဒီလိုနဲ့ ည ၇း၀၀ အချိန်မှာတော့ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အရှင်ဉာဏ၀ရ အရှင်သူမြတ်မှ တရားရေအေးအမြိုက်ဆေးတိုက်ကျွေးဟောကြားပေးခဲ့ကြပါတယ်။ တရားပွဲမှာ ကိုဖြိုးနှင့် ကိုထက်တို့မှ ဘုရားဆင်းတုတော်များ မဲဖောက်လှူဒါန်းပေးခဲ့ကြပါတယ်။

6651355.jpg
ညတရားပွဲအစီအစဉ်ဖြစ်ပါတယ်။

6651356.jpg
အလှူရှင်ကိုကြီး


6651359.jpg
စတုဒီသာ ကျွေးမွေး

6651360.jpg
အလှူရှင် ကိုဖြိုး ၏ အပြုံးပီတိ

6651362.jpg
အလှူရှင်ကိုထက် ၏ အပြုံးပီတိ

6651363.jpg
အလှူရှင်ကိုကြီး ၏ အားတက်သရော

6651364.jpg
အားရပါးရ စားလိုက်ကြ ကလေးလူကြီး မကျန်

6651366.jpg

6651367.jpg
တရားပွဲတွင်ကိုဖြိုး ၊ ကိုထက်တို့မှ ဘုရားဆင်းတုတော် ၂ ဆူအားမဲဖောက်လှူဒါန်း

6651368.jpg

6651369.jpg
ချောအိမာန် ၏ ဘယ်လိုလျှောက်ကြမလဲ

6651370.jpg

6651357.jpg

စာပေဟောပြောပွဲအစီအစဉ်များ
ဆရာဦးဘုန်း(ဓါတု) - ရေအိုင်ထဲကဖား


ဆရာဇော်ခိုင်ဦး - စာနာလမင်း


ဆရာမချောအိမာန်(မန္တလေး) - ဘယ်လိုလျှောက်ကြမလဲ


ကိုသစ်ကို - သန့်လေးသန့်ပညာပေး


ညီလရောင် - သားဆက်ခြားပညာပေး


6651373.jpg




0 comments:

Post a Comment