Powered by Blogger.

ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ

သြ၀ါဒစကား လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ ယူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို သိမ်းပိုက်ခြင်းဖြစ်သည်။ လှူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် ထိုလောဘ၊ ဒေါသ စသော ကိလေသာကုန်ရာကို ပြောခြင်းဖြစ်သည်။ မေတ္တာရှင်(ရွှေပြည်သာ)
Wednesday, 28 September 2011

စစ်ကိုင်းမြို့နယ် မြရတနာ ရပ်ကွက်တွင် အလှူရှင် "ကိုကြီး"မှ အ၀ီစိရေတွင်း၊ရေစက်၊အင်ဂျင်၊ရေကန်များလှူဒါန်းပြီး ကိုထက် မန္တလေးမှ
ရပ်ကွက်သူရပ်ကွက်သားများ တရားနာယူနိုင်ရန်အတွက် အသံချဲ့စက်၊ဟွန်းများလှူဒါန်းခဲ့ပါသည်။ အဆိုပါပွဲ ၁၃.၁၂.၂၀၀၉ ရက်နေ့ နံနက်ပိုင်းတွင် စာရေးဆရာ၊ ဦးဘုန်း(ဓါတု)၊ ဆရာဇော်ခိုင်ဦး၊ ဆရာမချောအိမာန်တို့ မှ ခေါင်းစဉ်အသီးအသီးဖြင့်ဟောပြောခဲ့ကြပါသည်။
ဆရာမချောအိမာန် မှ"ဘယ်လိုလျှောက်ကြမလဲ"
ဦးဘုန်း(ဓါတု) မှ"ရေအိုင်ထဲကဖား"
ဆရာဇော်ခိုင်ဦး မှ"စာနာလမင်း"

ဆိုသောခေါင်းစဉ်အသီးသီးဖြင့် ဟောပြောပေးခဲ့ကြပြီး
ကိုသစ်ကိုမှ "သန့်လေးသန့် ပညာပေး" ဟောကြားခဲ့ပါသည်။
ဒေါက်တာ ညီလရောင်မှ "သားဆက်ခြား ပညာပေး" ဟောကြားပေးခဲ့ပြီး
ကလေးငယ်များအား ဗလာမပါ မဲများ မဲဖောက်လှူဒါန်းပေးခဲ့ကြပါတယ်။
ညနေပိုင်းတွင် တစ်ရပ်ကွက်လုံး စတုဒီသာကျွေးမွေးကြပါတယ်။
ထမင်းရည်ချောင်းစီး မောင်းတီးပြီး လှုတတ်တဲ့ ဦးဇင်းတို့မြန်မာလူမျိုးတွေရဲ့ လှပတဲ့ ယဉ်ကျေးမှုကို ဒီညနေမှာ မြင်လိုက်ရပြန်ပြီလေ။
အလှုရှင်ကတော့ ကိုဖြိုးနဲ့ကိုထက် ဆိုပေမယ့် အားလုံးက ရေတွင်းအလှုမှာ ညီရင်းအကိုတွေလိုဖြစ်နေကြတော့ ဝိုင်းကြဝန်းကြနဲ့ ရပ်ကွက်သူရပ်ကွက်သားတွေတောင် အလှုရှင် ဘယ်သူဆိုတာ မျက်စေ့ လည်သွားကြတယ်။

လူတွေကလဲ စားလိုက်ကြတာရယ်လေ တကယ့်ကို အားရပါးရပဲ ။ အခု စာဖတ်နေတဲ့ ဒကာ/ဒကာမ ကို တကယ့် ကို မြင်စေ့ချင်မိတယ် ။ အလှုရှင်တွေက ရပ်ကွက်သူရပ်ကွက်သားတွေအပေါ် ရင်းရင်းနှီးနှီး နောက်လိုက်ပြောင်လိုက်နဲ့ စားကြသောက်ကြ ထမင်းတွေထည့်ပေးလိုက် ဟင်းတွေ လိုက်ဖြည့်ပေးလိုက်နဲ့ ဝမ်းမြောက်စရာပါပဲ။

ဒီလိုနဲ့ ည ၇း၀၀ အချိန်မှာတော့ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အရှင်ဉာဏ၀ရ အရှင်သူမြတ်မှ တရားရေအေးအမြိုက်ဆေးတိုက်ကျွေးဟောကြားပေးခဲ့ကြပါတယ်။ တရားပွဲမှာ ကိုဖြိုးနှင့် ကိုထက်တို့မှ ဘုရားဆင်းတုတော်များ မဲဖောက်လှူဒါန်းပေးခဲ့ကြပါတယ်။

6651355.jpg
ညတရားပွဲအစီအစဉ်ဖြစ်ပါတယ်။

6651356.jpg
အလှူရှင်ကိုကြီး


6651359.jpg
စတုဒီသာ ကျွေးမွေး

6651360.jpg
အလှူရှင် ကိုဖြိုး ၏ အပြုံးပီတိ

6651362.jpg
အလှူရှင်ကိုထက် ၏ အပြုံးပီတိ

6651363.jpg
အလှူရှင်ကိုကြီး ၏ အားတက်သရော

6651364.jpg
အားရပါးရ စားလိုက်ကြ ကလေးလူကြီး မကျန်

6651366.jpg

6651367.jpg
တရားပွဲတွင်ကိုဖြိုး ၊ ကိုထက်တို့မှ ဘုရားဆင်းတုတော် ၂ ဆူအားမဲဖောက်လှူဒါန်း

6651368.jpg

6651369.jpg
ချောအိမာန် ၏ ဘယ်လိုလျှောက်ကြမလဲ

6651370.jpg

6651357.jpg

စာပေဟောပြောပွဲအစီအစဉ်များ
ဆရာဦးဘုန်း(ဓါတု) - ရေအိုင်ထဲကဖား


ဆရာဇော်ခိုင်ဦး - စာနာလမင်း


ဆရာမချောအိမာန်(မန္တလေး) - ဘယ်လိုလျှောက်ကြမလဲ


ကိုသစ်ကို - သန့်လေးသန့်ပညာပေး


ညီလရောင် - သားဆက်ခြားပညာပေး


6651373.jpg




Monday, 26 September 2011
စစ်ကိုင်းမြို့နယ် မြရတနာရပ်ကွက် တွင် အလှူရှင် ကိုကြီး မှ လှူဒါန်းသော အ၀ီစိရေတွင်း၊လေမှုတ်စက်၊အင်ဂျင်၊ရေကန် ရေစက်ချပွဲ အခမ်းအနားကို ၁၂.၁၂.၂၀၀၉ ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။ ကိုကြီးတို့မန္တလေးကိုမနက် အစော (၄)နာရီမှာရောက်ကြပါတယ်။ မန္တလေး မှကိုညီညီရဲ့ အကို တိုက်ခန်းတစ်ခုမှာ အနားယူကြပြီး နံနက် ၈ နာရီ ခွဲတော့ ကိုထက် မှကားဖြင့် ဦးပညာဝံသနှင့်အတူ ကိုကြီးတို့ကို သွားကြိုခဲ့ပါတယ်။ စစ်ကိုင်းကို နံနက် (၉)နာရီကျော် မှာတော့ ကျောင်းသို့ ကားဖြင့်ဝင်လာ ကြပါတယ်။ ကိုကြီးတို့ကို ကျောင်းမှာချထားခဲ့ပြီင်္း ကိုထက်နှင့် ကိုဖြိုးတို့မှ မြရတနာ ရွာဦးကျောင်းအတွက် ဆွမ်းချိုင့်ပို့ကြပါတယ်။ အဲဒီနောက်မှာတော့ ဆရာတော်ကြီးများကို ကိုကြီးနှင့်အတူဒါယကာ ကိုထက် နှင့်ကိုဖြိုးတို့မှ နေ့ဆွမ်းကပ်လှူကြပါတယ်။

ဆက်လက်ဖော်ပြေပေးသွားပါမည်................။
6636152.jpg

6636154.jpg

6636155.jpg

6636156.jpg


6636150.jpg

6636157.jpg

6636158.jpg

6636159.jpg

6636151.jpg

6636153.jpg

6636162.jpg


Wednesday, 21 September 2011









မြရတနာတွင် လိုအပ်နေသောရေတွင်းအတွက် ထိုအချိန်က စင်္ကာပူနိုင်ငံတွင် နေထိုင်သော “ကိုကြီး”မှ လှူဒါန်း ပေးခဲ့ပါသည်။ ရေတွင်းသာမက ရေထည့်ရန် ရေကန်၊အင်ဂျင်၊လေမှုတ်စက်များကိုပါ တပါးတည်းလှူဒါန်းပေးခဲ့ ပါသည်။ ကိုထက် (မန္တလေးမိုဘိုင်း)မှလည်း တစ်ရပ်ကွက်လုံး တရားနာယူနိုင်ရန် အသံချဲ့စက်၊ဟွန်း၊ တရားခွေများ လှူဒါန်းပေးခဲ့ပါသည်။ ၁၂.၁၂.၂၀၀၉ ရက်နေ့တွင် ရေစက်ချပွဲကျင်းပခဲ့ပြီး။ ၁၃.၁၂.၂၀၀၉ ရက်နေ့နေ့ခင်းပိုင်းတွင် စာပေဟောပြောပွဲ၊ကျန်းမာရေးဟောပြောပွဲများ ကျင်းပခဲ့ကြပါသည်။ ထိုနေ့ညပိုင်းတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အရှင်ဉာဏ၀ရ အရှင်သူမြတ်မှ တရားရေအေးအမြိုက်ဆေး တိုက်ကျွေး ချီးမြင့်ခဲ့ပါသည်။


ရေစက်ချပွဲ အစီစဉ်များကို ဆက်လက်ဖော်ပြပေးသွားပါမည်..................။
Tuesday, 20 September 2011






မြရတနာ သို့ တစ်ကြိမ်မြောက်လှူဒါန်း၊နှစ်ကြိမ်မြောက်လှူဒါန်း၊သုံးကြိမ်မြောက်သောအခါ၌ လူတွေသည် ဦးဇင်းတို့လာသည်ကိုသာမျှော်လင့်နေတော့သည်။ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့သည် လူသားတို့နေထိုင်သောလောကကြီး၌ တစ်ပိုင်တစ်နိုင် စောင့်ရှောက်သောအဖွဲ့ဖြစ်ပါည်။ လူတွေက မိမိကိုယ်ပိုင်အလုပ်များကိုမလုပ်စားတော့ဘဲ လှူသူရှိလျှင် လှူသူကိုသာမျှော်နေပါက သူတို့တွင်ရှိသောလုပ်အားတွေသည် အလကားအချီးအနှီးဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် လူတွေအကျင့်စာရိတ္တပျက်ပြီး မိမိကိုယ်မိမိ အားငယ်အထင်သေးပြီး အလုပ်မလုပ်တော့ဘဲ အလှူရှင်ကိုမျှော်နေမည်ဆိုပါက မည်သည့်အလှူရှင်မှ အမြဲထာဝရထောက်ပံ့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အလှူရှင်များအနေဖြင့် တစ်နေရာတွင်လှူဒါန်းမည်ဆိုပါက လူသားတွေ၏ အသိဥာဏ်ကိုပွင့်လင်းစေမည့် တရားပွဲ၊ စာပေဟောပြောပွဲများပါ ထည့်သွင်းလှူဒါန်း သင့်ပေသည်။ ထို့ကြောင့် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့အနေဖြင့် ထိုရပ်ကွက်၌ အလိုအပ်ဆုံ အရာကို သေသေချာချာ လေ့လာဖြစ်ခဲ့သည်။
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ ရွှေမင်းဝံအုပ်စု၊ မြရတနာရပ်ကွက်တွင် နေထိုင်သူများ ရေချိုးရန်၊ရေသုံးရန်၊ချက်ပြုတ်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပါသည်။ ယခင်က ရေတွင်းတစ်တွင်းသာရှိ၍ ထိုတွင်းမှရေကို အားကိုးအားထားနေရသည်။ ထို့ကြောင့် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ရေတွင်းလှူဒါန်းရန်ဆုံးဖြတ်ပြီး လောဘကို မစောင့်ရှောက်ပဲ လောကဆိုတဲ့လိုအပ်သောနေရာကို သာ စောင့်ရှောက်ရန်ဆုံးဖြတ်လိုက်သည်။ ရေတွင်းလှူဒါန်းမည်ဆိုပါက တစ်ရွာလုံး၌ ကလေး၊လူကြီးအားလုံး အဆင်ပြေမည်ဖြစ်သည်။
ဆက်လက်ပြီး ရေတွင်းလှူဒါန်းခဲ့မှုများကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။







မြရတနာရပ်ကွက်သို့ နော်ဝေနိုင်ငံမှ အလှူရှင်တစ်ဦး မှ အနာကြီးရောဂါသည်ကျေးရွာသို့လှူဒါန်းလိုကြောင်း ဆက်သွယ်လာခဲ့ပါသည်။ ထိုသို့ဆက်သွယ်လာချိန် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ရေနံ့သာ အနာကြီး ရောဂါသည် ကျေးရွာ သို့ လှူဒါန်းရန်စီစဉ်နေချိန် မြရတနာ သို့ရောက်ရှိဖူးသော ကိုဖြိုး၊ကိုထက်တို့မှ မြရတနာတွင် လည်းလိုအပ်မှုတွေရှိနေကြောင်း မေတ္တာရှင်ဆရာတော်ကိုယ်တိုင်လည်း မကြာသေးခင် အချိန်တွင် ကြွရောက်လှူဒါန်းထားကြောင်း လျောက်ထားတင်ပြသဖြင့် မြရတနာသို့ လှူဒါန်းရန် ဆုံးဖြတ် ခဲ့ပါသည်။ မြရတနာသို့ ပထမအကြိမ်ကြွရောက်ပြီး အလှူရှင်မှလှူဒါန်းသော ငွေကြေးဖြင့် ဆန်အိတ်များ၊ ရောဂါသည်များအား ငွေသားများ လှူဒါန်းထောက်ပံ့ခဲ့ကြပါသည်။


လှူဒါန်းမှုများကိုဆက်လက်ဖော်ပြပါမည်.............။




စစ်ကိုင်းမြို့၊ ရွှေမင်းဝံအုပ်စုတွင် “မြရတနာ”ဆိုသော အနာကြီးရောဂါသည် ရပ်ကွက်လေးတစ်ခု ရှိပါသည်။ ထိုရပ်ကွက် သည် နာမည်လေးကလှသော်လည်း အပြစ်မရှိဘဲ ဒဏ်ခတ်ခံထားရသော လူသားများနေ ထိုင် ကြပါသည်။ ထိုလူသားများကို အနီးစပ်ဆုံးစစ်ကိုင်းမြို့ကပင် လူတိုင်းကတွေ့လျှင် ဘေးကရှောင်ကွင်းသွားကြ သည်။ အဆိုပါလူသားများ၏ အလုပ်အကိုင်အသက်မွေးဝမ်းကျောင်းမှာ ပလပ်စတစ်ကောက်ခြင်း၊ တောင်းရမ်း စားသောက်ခြင်းတို့ဖြစ်ပါသည်။

အဘယ့်ကြောင့်ထိုလူသားများ အခြားအလုပ်အကိုင်များမလုပ်ကြဘဲ တောင်းရမ်းစားသောက်၊ ပလပ်စတစ်ကောက်ကြရသနည်း ဟုမေးမြန်းချင်စိတ်ဖြစ်မိပါမည်။

ထိုလူသားများသည် ဘ၀ပေးကုသိုလ်ကံအရ အနာကြီးရောဂါ ဟုခေါ်ဆိုသော ခြေတို၊လက်တို လူတိုင်းနားလည်သလိုပြောရလျှင် အနူ များဟုခေါ်ကြသည်။ အနူဟုဆိုရာ၌ ထိုလူများကို နှိမ်လို၍ ယခုလိုရေးသားခြင်းမဟုတ်ပါ။ တစ်ချို့လူသားများက အနာကြီးရောဂါဆိုလျှင် လူတိုင်းမသိသောကြောင့် သုံးနှုံးခြင်းဖြစ်ပါသည်။

အဆိုပါရပ်ကွက်မှလူသားများအား မည်သူကမှအလုပ်အကိုင်မပေး။ မပေးဟုဆိုရာ၌ စာဖတ်သူတို့ စဉ်းစားကြည့်စေချင်ပါသည်။ အနူ ရပ်ကွက်က အနူရဲ့သားသမီးလက်ဖက်ရည်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်ပြီ ဆိုပါစို့။ ဘယ်သူလာပြီးလက်ဖက်ရည်သောက်ကြမည်နည်း?။ ပန်းရံ၊လက်သမားလုပ်ပြီဆိုပါစို့ ဘယ်သူကခေါ် ခိုင်းမှာတုန်?။ သူတို့အနာဂတ် ကဘာလဲ?။ သတို့ဘ၀ရည်မှန်းချက်တွေ ရည်မှန်းခွင့်မရှိတော့ဘူးလား?။

ယခင်က အဆိုပါရပ်ကွက်ရှိကလေးများပညာသင်ကြားခွင့်ပင်မရရှိကြပေ။ ထိုရွာမှကလေးများကို မည်သည့်ကျောင်းကမှလက်မခံပေ။ ၂၁ ရာစုတွင် စာရေးဆရာ ဦးချစ်စံဝင်းကောင်းမှုကြောင့် မူလတန်း ကျောင်းကို သင်ကြားခွင့်ရနေပေပြီ။ ထိုမူလတန်းကျောင်းကလေးမှာ ၄ တန်းအထိသာသင်ကြားခွင့်ရကြသည်။

ထိုရွာမှ ၄ တန်းအောင်ပြီးကလေးကို စစ်ကိုင်းမြို့နယ်ရှိ မည်သည့်ကျောင်းကမှ ၅ တန်းလက်မခံပေ။ ဤမျှ လောက်အထိ ဒဏ်ခတ်ခံထားရပါသည်။

ယခုထိုကျောင်းတွင် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ မှအကျိုးဆောင်ရွက်မှုဖြင့် ကလေးငယ်များအား အနာဂတ်ကြယ်ပွင့်များမွေးထုတ်ပေးနိုင်လေပြီ။ ၆ တန်းအထိမူလွန်ကျောင်းဖွင့်ခွင့်ကို ၂၀၁၀~၂၀၁၁ ခုနှစ် ပညာသင်နှစ်တွင်မေတ္တာရှင်ဆရာတော်မှ တစ်လလျှင် ၆ သောင်းကျပ် ကိုဖြိုး၊ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်း)

မှ တစ်လလျှင်၂သောင်းကျပ်၊ ဒေါ်ဥမ္မာဌေး ရန်ကုန်မြို့မှ တစ်လလျှင် ၂သောင်းကျပ်၊ စုစုပေါင်း တစ်သိန်းကျပ် ဖြင့် ဆရာမ နှစ်ဦးငှားရမ်းလျှက် သင်ကြားပေးခဲ့ရာပါသည်။

ဆက်လက်ဖော်ပြပါမည်............။
Monday, 19 September 2011
အရုဏ်မုန့်ဟင်းခါး၊ကြာဇံချက်စသည် များ ကပ်လှူခြင်း
ဆွမ်းလောင်းလှူခြင်း




စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းကို နာယကဆရာတော်ကြီးများသြ၀ါဒဆရာတော်ကြီးများလမ်းညွှန်မှုဖြင့်
၉.၇.၂၀၀၉ ရက်နေ့နံနက်တွင် သံဃာတော်များအား နတ်သုဒ္ဓါဒံပေါက်ဆွမ်းကပ်လှူခဲ့ပြီး ဆွမ်းလောင်းအသင်း
အဖြစ်စတင်တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
အလှရှင် ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး)
ဒေါ်ဝါ၀ါခိုင်မင်း
ကိုရန်အောင်
ဒေါ်နန်းသန္တာအောင်
ကိုကြီး
တို့မှ
ဝိုင်းဝန်းဆောင်ရွက် မတည်လှူဒါန်းမှုများဖြင့် နိုင်ငံတကာမှ အလှူရှင်အသီးသီးလှူဒါန်းမှုတို့နှင့်
စတင်လှူဒါန်းပေးခဲ့ကြတာဖြစ်ပါတယ်။ အပတ်စဉ်တနင်္လာနေ့တိုင်း






ဆွမ်းခံကြွလာသမျှသံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူခြင်း၊






ဆွမ်းလောင်းလှူဒါန်းခြင်းများ ကိုဆောင်ရွက်လျှက်ရှိပါသည်။






http://www.everyoneit.com/ ဆိုက်ကိုအလှူရှင်တစ်ဦးမှဒိုမိန်းလှူဒါန်း
မှုဖြင့် ဆောင်ရွက်ခဲ့ပြီး အခုလောလောဆယ်မှာတော့ ဒိုမိန်းသက်တမ်းကုန်ဆုံးသွားတဲ့အတွက်
http://www.everyoneit.blogpost.com/ ယနေ့အချိန်အထိအပတ်စဉ်လှူဒါန်းမှုတွေကိုတင်ပေးထားပါသည်။

Wednesday, 14 September 2011














မေတ္တာရှင်ဖောင်ဒေးရှင်းမှ အခမဲ့ကွန်ပျူတာသင်တန်းများကို စစ်ကိုင်းမြို့၊ မန္တလေးမြို့၊မကွေးမြို့နှင့် ရန်ကုန်မြို့တို့တွင် သံဃာတော် များအတွက် အခမဲ့ နည်းပညာ များကို ကုသိုလ်ယူသင်ကြားပေးခဲ့ပါသည်။ ယခုအခါနယ်သင်တန်းများ ပိတ်၍ စစ်ကိုင်းမြိ့ တွင်သာ သံဃာတော်များ၊သီလရှင်များကို သင်ကြားပေးလျှက်ရှိပါသည်။ ဆက်လက်ပြီး နေပြည်တော်မြို့တွင် ၂၀၁၂ ခုနှစ်တွင်ဖွင့်လှစ်မည် ဖြစ်ပါသည်။























































မေတ္တာရှင်ဖောင်ဒေးရှင်း ကို ၂၀၀၉ ခုနှစ် ဇူလိုင်လ တွင်စတင်ထည်ထောင်ဖြစ်ခဲ့ပါတယ်။
နာယကဆရာတော်ကြီးများ

ဒေါက်တာနန္ဒမာလာဘိဝံသ (ပါမောက္ခချုပ်ဆရာတော်)
အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ)
အရှင်ဣန္ဒကာဘိဝံသ (မြစကြာ၊စစ်ကိုင်း)

တို့မှ နာယကအဖြစ် စီစဉ်ဆောင်ရွက်ပေးပြီး

ရတနာဓူဝံကျောင်းဆရာတော်
ဝိပဿနာကျောင်းဆရာတော်
အောင်မြေသာစည်ကျောင်းဆရာတော်
ဇိနေဒယ ပရိယတ္တိစာသင်တိုက်ဆရာတော်

တို့မှ သြ၀ါဒအဖြစ် လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။