Powered by Blogger.

Blog Archive

ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ

သြ၀ါဒစကား လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ ယူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို သိမ်းပိုက်ခြင်းဖြစ်သည်။ လှူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် ထိုလောဘ၊ ဒေါသ စသော ကိလေသာကုန်ရာကို ပြောခြင်းဖြစ်သည်။ မေတ္တာရှင်(ရွှေပြည်သာ)
Wednesday, 7 November 2012
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လပြည့်ကျော်  (၈) ရက်၊ ၇.၁၁.၂၀၁၂ ဗုဒ္ဓဟူးနေ့

အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်း နှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

နှစ်ဘက်မိဘများအား အမှူးထား၍ ကိုစိန်မောင်း + မခင်မာငွေ (စင်္ကာပူ) အလှူကောင်းမှု ဖြစ်ပါတယ်။


သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ဝက်သားဟင်း
မြေထောက်ပဲနှပ်
ကုလားထည်အချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါတယ်။

ံယနေ့အလှုရှင်  နှစ်ဘက်သောမိဘများအား အမှူးထား၍ ကိုစိန်မောင်+မခင်မာငွေ မိသားစု အားလုံးတို့သည်  သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ  ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊  လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။  

Inline image 1

Inline image 8

Inline image 9

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများကုသိုလ်ယူနိုင်ကြပါစေ။

0 comments:

Post a Comment