Powered by Blogger.

Blog Archive

ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ

သြ၀ါဒစကား လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ ယူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို သိမ်းပိုက်ခြင်းဖြစ်သည်။ လှူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် ထိုလောဘ၊ ဒေါသ စသော ကိလေသာကုန်ရာကို ပြောခြင်းဖြစ်သည်။ မေတ္တာရှင်(ရွှေပြည်သာ)
Saturday, 3 November 2012


သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လပြည့်ကျော်  (၄) ရက်၊ ၃.၁၁.၂၀၁၂ စနေနေ့

အရုဏ် မုန့်တီဆွမ်း ကပ်လှူခြင်း နှင့် နေ့ဆွမ်း လောင်းလှူခြင်း ကုသိုလ်ရှင်

နှစ်ဘက်သောမိဘများအား အမှူးထား၍  ကိုကျော်ဇင်လင်း +  ဒေါက်တာချိုအေးသန့်စင်  (စင်္ကာပူ) တို့၏ ကောင်းမှု အလှူ

သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ဝက်သားဟင်း
ပဲစာဥ
အစိမ်းကြော်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲပါတယ်။

ယနေ့ အလှူရှင်  ကိုကျော်ဇင်လင်း +  ဒေါက်တာချိုအေးသန့်စင် တို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ  ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊  လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

အလှူရှင်အားလုံးတို့နှင့် အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။


0 comments:

Post a Comment