Powered by Blogger.

ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ

သြ၀ါဒစကား လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ ယူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို သိမ်းပိုက်ခြင်းဖြစ်သည်။ လှူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် ထိုလောဘ၊ ဒေါသ စသော ကိလေသာကုန်ရာကို ပြောခြင်းဖြစ်သည်။ မေတ္တာရှင်(ရွှေပြည်သာ)
Saturday, 3 December 2011
















ယနေ့သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၃ခု နတ်တော်လဆန်း(၉)ရက် တနင်္ဂနွေနေ့ ၄.၁၂.၂၀၁၁
မသင်းသီတာနွယ် (စင်္ကာပူ)မှ မွေးနေ့အလှူအဖြစ် ကုသိုလ်ပြုလှူဒါန်းပါသည်။
သံဃာတော်အရှင်သူမြတ်များအား အရုဏ်ကြက်သားကြာဇံချက်ဆွမ်း ကပ်လှူ၍
ဆွမ်း
ကြက်သားဟင်း
စားတော်ပဲနှပ်
ကြက်ဥအစိမ်းကြော်
သံပုရာအချဉ်
စသည့်ဟင်းလျာများဖြင့်
ဆွမ်းလောင်းလှူပေးခဲ့ပါသည်။
ယခုလိုမွေးနေ့အချိန်အခါမှာ သံဃာတော်များအား ဆွမ်းလုပ်ကျွေးပြုစုရသောကိုသိုလ်ကောင်းမှုကံစေတနာ
တို့ကြောင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး ၊ လောကအကျိုးသယ်ပိုးဆောင်ရွက်နိုင်သော အမျိုးကောင်းသမီးတစ်ဦးဖြစ်ပါစေလို့ ဆွမ်းလောင်းအသင်းမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

0 comments:

Post a Comment