Powered by Blogger.

ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ

သြ၀ါဒစကား လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ ယူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို သိမ်းပိုက်ခြင်းဖြစ်သည်။ လှူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် ထိုလောဘ၊ ဒေါသ စသော ကိလေသာကုန်ရာကို ပြောခြင်းဖြစ်သည်။ မေတ္တာရှင်(ရွှေပြည်သာ)
Sunday, 25 December 2011

စစ်ကိုင်းမြို့တွင် ကိုရင်လေးများဆွမ်းခံကြွရာတွင် တောင်ပေါ်မှ မြို့ထဲသို့ကြွကြရာတွင် ဆွမ်းခံပြန်ချိန်၌
မြို့ထဲမှာတောင်ပေါ်သို့ပြန်ကြသော ကားများ၊ဆိုင်ကယ်များကို တားကြရာ မည်သည့်ယဉ်မှ ရပ်၍
ကိုရင်လေးများကိုတင်ဆောင်ခေါ်ခြင်းမရှိပေ။
အဆိုပါအခက်အခဲကို မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ယူလျှက် မော်တော်ယဉ်တစ်စီးဖြင့် စတင်
အကျိုးဆောင်ပေးလျှက်ရှိကြောင်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်စေရန် တင်ပြလိုက်ပါသည်။

0 comments:

Post a Comment