Labels
- MP3 (1)
- ကယ်ဆယ်ရေးလုပ်ငန်းများ (1)
- ကျန်းမာရေး (2)
- ဆရာတော်ကြီးများ (3)
- ဆွမ်းလောင်းအသင်း (203)
- တစ်ဦးချင်းလှူဒါန်းမှု (12)
- တနင်္လာနေ့ဆွမ်းလောင်းလှူခြင်း (30)
- ယာနဒါနအလှူ (1)
- အခမဲ့ကွန်ပျူတာသင်တန်းများ (1)
- အနာကြီးရောဂါသည်များ (7)
- အလှူ (3)
- ဆောင်းပါး (1)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် (3)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ဟောကြားပြီး တရားတော်များ (5)
ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ



မြို့ထဲမှာတောင်ပေါ်သို့ပြန်ကြသော ကားများ၊ဆိုင်ကယ်များကို တားကြရာ မည်သည့်ယဉ်မှ ရပ်၍
ကိုရင်လေးများကိုတင်ဆောင်ခေါ်ခြင်းမရှိပေ။
အဆိုပါအခက်အခဲကို မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ တာဝန်ယူလျှက် မော်တော်ယဉ်တစ်စီးဖြင့် စတင်
အကျိုးဆောင်ပေးလျှက်ရှိကြောင်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်စေရန် တင်ပြလိုက်ပါသည်။


စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး။လပြည့်ဝန်းလမ်းထဲရှိ လမ်းသွယ်တစ်ခုအား မေတ္တာရှင်ဖောင်ဒေးရှင်းမှ
ပေ ၅၅၀ ကွန်ကရစ်လမ်းခင်းခဲ့ပြီး ကျန်ရှိသောလမ်းပိုင်းအတွက် အလှူရှင်အသီးသီးမှ ၁၀ ပေလျှင် နှစ်သိန်းကျပ်
ဖြင့် လှူဒါန်းခင်းကျင်းလျှက်ရှိရာ မူဆယ်မြို့မှ ကိုသက်နှင့် မဝေေ၀စိုးတို့မှလည်းလမ်း ၁၂ ပေအတွက် နှစ်သိန်း
လေးသောင်းကျပ်လှူဒါန်းပြီးခင်းကျင်းပေးခဲ့ပါသည်။ လမ်းအကျယ်မှာ ၁၇ ပေဖြစ်ပါသည်။ ဆက်လက်၍ ကျန်ရှိသော အပိုင်းအတွက်လှူဒါန်းလိုပါကလည်း ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

















သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၃ခု နတ်တော်လဆန်း(၁၃)ရက် ကြာသာပတေးနေ့ ၈.၁၂.၂၀၁၁
ကုသိုလ်ရှင်များကတော့ ကိုသက်+မဝေေ၀စိုး(မူဆယ်မြို့) မှဖြစ်ကြပါသည်။
အရုဏ်မုန့်ဟင်းခါးဆွမ်းကပ်လှူခဲ့၍
ဆွမ်းလောင်းလှူရာတွင်
ဆွမ်း
ဝက်သားဟင်း
ကုလားပဲနှပ်
ကြက်ဥအစိမ်းကြော်
မုန့်ညင်းချဉ်
ဆီတိုဟူး
စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ကြပါသည်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...













ယနေ့သာသနာတော်နှစ် ၂၅၅၅ခု ကောဇာသက္ကရာဇ် ၁၃၇၃ခု နတ်တော်လဆန်း(၉)ရက် တနင်္ဂနွေနေ့ ၄.၁၂.၂၀၁၁
မသင်းသီတာနွယ် (စင်္ကာပူ)မှ မွေးနေ့အလှူအဖြစ် ကုသိုလ်ပြုလှူဒါန်းပါသည်။
သံဃာတော်အရှင်သူမြတ်များအား အရုဏ်ကြက်သားကြာဇံချက်ဆွမ်း ကပ်လှူ၍
ဆွမ်း
ကြက်သားဟင်း
စားတော်ပဲနှပ်
ကြက်ဥအစိမ်းကြော်
သံပုရာအချဉ်
စသည့်ဟင်းလျာများဖြင့်
ဆွမ်းလောင်းလှူပေးခဲ့ပါသည်။
ယခုလိုမွေးနေ့အချိန်အခါမှာ သံဃာတော်များအား ဆွမ်းလုပ်ကျွေးပြုစုရသောကိုသိုလ်ကောင်းမှုကံစေတနာ
တို့ကြောင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး ၊ လောကအကျိုးသယ်ပိုးဆောင်ရွက်နိုင်သော အမျိုးကောင်းသမီးတစ်ဦးဖြစ်ပါစေလို့ ဆွမ်းလောင်းအသင်းမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ယခုအချိန်အထိ တရားပွဲများဆက်လက်ဟောကြားပေးလျှက်ရှိပါသည်။ ၂၀၁၂ နှစ်အကုန်အထိ တရားပွဲရက်များပြည့်နေ့ပြီဖြစ်ပါသည်။ တရားပွဲပင့်လျှောက်လိုသူများ mettashinsayadaw@gmail.com သို့ဆက်သွယ်ပြီး လျှောက်လွှာတင်ထားနိုင်ကြပါသည်။

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့
ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်းရှိ ရေဘေးသင့် ပြည်သူများဆီသို့ ရေဘေးထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခြင်းကို မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ လမ်းညွှန်မှုဖြင့် မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့(စစ်ကိုင်း)မှ ဦးဇင်းဦးကောဝိဒ ဦးဆောင်၍ မေတ္တရှင်ဖောင်ဒေးရှင်း အဖွဲ့(မူဆယ်) တို့သည် ထောက်ပံ့ရေး ပစ္စည်းများဖြင့် ပခုက္ကူမြို့သို့ ရောက်ရှိကြပြီးနောက် ပခုက္ကူမြို့နယ် ကမ္မရွာအနောက်ဘက် ဂျိုးပျံ ကျေးတွင် ခေတ္တ စခန်းချ ထားခဲ့ပြီးနောက် ခရီးသွားလာရေး ခက်ခဲသောကြောင့် ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိမှုနည်းပါးသော ကျေးရွာများသို့ သွားရောက်လှူဒါန်းရန်အတွက် စုံစမ်းခဲ့ပါသည်။ နောက်နေ့တွင် ခရီးသွားလာရန် အလွန်ခက်ခဲသော ပခုက္ကူမြို့နယ်အဆုံး ဂဝံလေးတိုင် ကျေးရွာ နှင့် ပေါက်မြို့နယ် အဆုံး ကျွန်းရင်း ကျေးရွာ များသို့ ခက်ခဲကြမ်းတမ်းသော တောတောင်တွေကြားရှိ လမ်းများကို ဖြတ်သန်းပြီး ဂဝံလေးတိုင်ကျေးရွာသို့ ရောက်ရှိပြီးနောက် ထိုကျေးရွာမှတဆင့် လှေများဖြင့် ယောချောင်းကို ဖြတ်သန်းပြီးနောက် ကျွန်းရင်းကျေးရွာသို့ ရောက်ရှိပြီးနောက် ထိုကျေးရှိ ရေဘေးသင့် ပြည်သူများအားလုံးတို့နှင့် ထိုရွာရှိ အိမ်ထောင်စုဝင်အားလုံးတို့အား အဝတ်အထည်များ၊ ဆောင်များ၊ ဇလုံပန်းကန်ဇွန်း၊သောက်ရေခွက်များ၊ ဆန်၊ ဆီ များနှင့် အလှူငွေတို့ ဖြင့် ကာယကံမြောက် ပေးဝေ လှူဒါန်းခဲ့ကြပါသည်။ မူဆယ်မြို့ရှိ "လမင်းအိမ်"စာပေမှ ကျွန်းရင်းရွာ ဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေ ဆယ်သိန်းကျပ်၊ ကာယကံမေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့(မူဆယ်)မှ အလှူငွေကျပ် ဆယ်သိန်း၊ ဦးကောဝိဒမှ အလှူငွေတစ်သိန်းကျပ်နှင့် ယော ချောင်းကိုဖြတ်သန်းသွားလာရန်ခက်ခဲသောကြောင့် အဆင်ပြေစေရန်အတွက် "လှေ"ဝယ်ရန်အတွက် လေးသိန်းကျပ်တိတိ၊ ထို့အပြင် ဘုန်းတော်ကြီးကျောင်းအတွက် ဆိုင်ကယ် တစ်စီးတို့ကိုလည်း လှူဒါန်း ပေးခဲ့ပါသည်။
ထိုနေ့ညနေပိုင်းတွင် ဂဝံလေးတိုင် ကျေးရွာသို့လည်း ထောက်ပံ့ရေးပစ္စည်းနှင့် အလှူငွေများကို ကာယကံမြောက်ပေးဝေ လှူဒါန်းကြပြီးနောက် ထိုကျေးရွာမှတစ်ဆင့် တခြား သွားလာရခက်ခဲသော ကျေးရွာများသို့လည်း သွားရောက်၍ ထောက်ပံ့ရေးပစ္စည်းများကိုပေးဝေ လှူဒါန်းခဲ့ကြပါသည်။ ဦးကောဝိဒ ဦးဆောင်သော မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ တို့သည် ဂျိုးပျံ ကျေးရွာတွင် ယာယီစခန်းချ ၍ ထိုကျေးရွာမှတဆင့် ရေဘေးကယ်ဆယ်ရေးအတွက် ထောက်ပံ့ရေး ပစ္စည်းများနှင့် အလှူငွေကို ရေဘေးသင့် ကျေးရွာများသို့ နေ့စဉ် သွားရောက်လှူဒါန်းလျက်ရှိနေပါသည်။





















