Powered by Blogger.

Blog Archive

ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ

သြ၀ါဒစကား လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ ယူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို သိမ်းပိုက်ခြင်းဖြစ်သည်။ လှူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် ထိုလောဘ၊ ဒေါသ စသော ကိလေသာကုန်ရာကို ပြောခြင်းဖြစ်သည်။ မေတ္တာရှင်(ရွှေပြည်သာ)
Friday, 7 December 2012

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တန်ဆောင်မုန်းလဆန်း  (၁၄) ရက်၊ ၂၇.၁၁.၂၀၁၂ အင်္ဂါနေ့

အရုဏ် ယာဂုဆွမ်းကပ်လှူခြင်းကုသိုလ်ရှင်

ကိုသက်မြင့်ဦး+မကေသီလွင်၊ သမီး-လွင်မာမင်း မိသားစု (စင်္ကာပူ) ကောင်းမှု ဖြစ်ပါတယ်။

နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်

လမင်းအိမ်စာပေ နှင့်  ဓမ္မမိတ်ဆွေများ (မူဆယ်မြို့) မှ ကောင်းမှု ဖြစ်ပါတယ်။

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ကြက်ဥချက်
ခရမ်းသီးနှပ်
မြေထောက်ပဲနှပ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း အလှူရှင် မိသားစု အားလုံးတို့သည် သံဃာတော်များကို အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ  ဆပ်ကပ်လောင်းလှူရသော ကုသိုလ်ကံကောင်းမှု  စေတနာတို့ကြောင့် ယနေ့ မှ  စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်  သာသနာအကျိုး၊   လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

Inline image 2

Inline image 9

Inline image 1

Inline image 3

Inline image 4

Inline image 5

Inline image 6

Inline image 7

Inline image 8

အလှူရှင်အားလုံးတို့နှင့် အတူကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

0 comments:

Post a Comment