Powered by Blogger.

Blog Archive

ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ

သြ၀ါဒစကား လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ ယူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို သိမ်းပိုက်ခြင်းဖြစ်သည်။ လှူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် ထိုလောဘ၊ ဒေါသ စသော ကိလေသာကုန်ရာကို ပြောခြင်းဖြစ်သည်။ မေတ္တာရှင်(ရွှေပြည်သာ)
Saturday, 27 October 2012

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၁၂) ရက်၊ ၂၇.၁၀.၂၀၁၂ စနေနေ့

အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်း  ကပ်လှူခြင်း ကုသိုလ်ရှင်

Dr.မြတ်ဥာဏ်+ဒေါ်ဝါဝါခိုင်မင်း၊ သမီးလေး-မေမြတ်နိုးခိုင် မိသားစု  မှ


 ဒေါ်ဝါဝါခိုင်မင်း
၏ မွေးနေ့အလှူ ကောင်းမှု ။

နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်များကတော့

ကိုထက်ဝေလင်း+မစုလတ်ဖြူ(စင်္ကာပူ)တို့၏ မွေးနေ့အလှူ ကောင်းမှု ဖြစ်ပါတယ်။ 

သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ကြက်သားဟင်း
ထောပတ်ပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ဒါယိကာမကြီး ဒေါ်ဝါ၀ါခိုင်မင်းအတွက် ဦးကောဝိဒမှ မွေးနေ့လက်ဆောင်မွန် အဖြစ် သံဃာတော်အရှင်သူမြတ်တို့အား ပေါင်မုန့်ထုပ်များလှူဒါန်းကုသိုလ်ပြုပေးခဲ့ပါတယ်။

ယနေ့အရုဏ်ဆွမ်းအလှူရှင် Dr.မြတ်ဥာဏ်+ဒေါ်ဝါ၀ါခိုင်မင်း၊ သမီးလေး-မေမြတ်နိုးခိုင် မိသားစု နှင့် နေ့ဆွမ်းအလှူရှင် ကိုထက်ဝေလင်း+မစုလတ်ဖြူ မိသားစုတို့အားလုံးသည်  သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ၊  ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ   စေတနာတို့ကြောင့်  ယနေ့မွေးနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး  စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊   လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက်  နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 1

Inline image 2

Inline image 3

Inline image 4

Inline image 5

Inline image 6

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။



0 comments:

Post a Comment