Powered by Blogger.
Labels
- MP3 (1)
- ကယ်ဆယ်ရေးလုပ်ငန်းများ (1)
- ကျန်းမာရေး (2)
- ဆရာတော်ကြီးများ (3)
- ဆွမ်းလောင်းအသင်း (203)
- တစ်ဦးချင်းလှူဒါန်းမှု (12)
- တနင်္လာနေ့ဆွမ်းလောင်းလှူခြင်း (30)
- ယာနဒါနအလှူ (1)
- အခမဲ့ကွန်ပျူတာသင်တန်းများ (1)
- အနာကြီးရောဂါသည်များ (7)
- အလှူ (3)
- ဆောင်းပါး (1)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် (3)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ဟောကြားပြီး တရားတော်များ (5)
Blog Archive
-
▼
2012
(95)
-
▼
October
(14)
- ကိုမင်း၊ ကိုသန်းထွန်း၊ ကိုသိန်းတန်၊ ကိုကျော်နိုင်ဥ...
- ဦးမျိုးမင်းထွန်း+Dr.မေပုလဲသွယ်၊သမီး-မိုးမြင့်သာ မ...
- မသိန်းယဉ်မွန်(စင်္ကာပူ)၏ အရုဏ်ဆွမ်းမွေးနေ့အလှူနှင့် ...
- မွန်ကြည်စိန် + မမိုးဝင်း မိသားစု (ထိုင်း) ၏ အလှူကေ...
- ကိုအောင်သက်လင်း+မယဉ်ယဉ်နု (စင်္ကာပူ) မှ မယဉ်ယဉ်နု ၏ ...
- မေတ္တာရှင်ဖောင်ဒေးရှင်း နေ့စဉ် ယာနအလှူ
- Dr.မြတ်ဉာဏ်+ဒေါ်ဝါဝါခိုင်မင်း၊ သမီးလေး-မေမြတ်နိုးခု...
- ကိုဇော်မင်းအောင်+မချိုနွယ်ထွန်းလှ(ဖြူဖွေး)(USA) မှ...
- ကွယ်လွန်သူဖခင်ကြီး ဦးညွန့်လှိုင်အားရည်စူး၍ ဒေါ်မြင...
- ကွယ်လွန်သူဖခင်ကြီး ဦးသန်းဝင်းအားရည်စူး၍ ကျန်ရစ်သူ...
- ကိုမျိုးသန့်စိုး+မအေးသန္တာဖြိုး(စင်္ကာပူ)မှ မအေးသန္တြာ...
- မခင်ငြိမ်းချမ်းဦး(မလေးရှား)မှ အရုဏ်ဆွမ်းအလှူနှင့်...
- ကိုသူရယုစိန်(စင်္ကာပူ)မှ မွေးနေ့အရုဏ်ဆွမ်းအလှူနှင့် ...
- ကျေးဇူးရှင်မိဘများအား ဦးထိပ်ပန်ဆင်၍ ကိုဥာဏ်ဝင်းထွ...
-
▼
October
(14)
ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ
Wednesday, 31 October 2012
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လပြည့်ကျော် (၂) ရက်၊ ၁.၁၁.၂၀၁၂ ကြာသပတေးနေ့
အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်းကပ်လှူခြင်း နှင့် နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
ကိုမင်း ၊ ကိုသန်းထွန်း ၊ ကိုသိန်းတန် ၊ ကိုကျော်နိုင်ဦး (ထိုင်းနိုင်ငံ) တို့၏ အလှူ ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

ယနေ့ အရုဏ် ဆွမ်း နှင့် နေ့ဆွမ်း အလှူရှင်များဖြစ်ကြသော ကိုမင်း၊ ကိုသန်းထွန်း၊ ကိုသိန်းတန်၊ ကိုကျော်နိုင်ဦး တို့အားလုံးသည် သံဃာတော်များအား အရုဏ် ဆွမ်းနှင့် နေ့ဆွမ်းများ၊ ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လပြည့်ကျော် (၁) ရက်၊ ၃၁.၁၀.၂၀၁၂ ဗုဒ္ဓဟူးနေ့
အရုဏ် ကြက်သား ကြာဇံကြော် ဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
နှစ်ဖက်မိဘများအား အမှုးထား၍ ဦးမျိုးမင်းထွန်း+Dr.မေပုလဲသွယ်၊ သမီး- မိုးမြင့်သာ မိသားစု (စင်္ကာပူ) ကောင်းမှု ဖြစ်ပြီး
နေ့ဆွမ်းလောင်းလှူခြင်း ကုသိုလ်ရှင်
"လမင်းအိမ်"စာပေနှင့် ဓမ္မမိတ်ဆွေများ (မူဆယ်မြို့) မှ ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ထောပတ်ပဲနှပ်
သရက်ချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

ယနေ့ အရုဏ်ဆွမ်းအလှူရှင်နှင့် နေ့ဆွမ်းအလှူရှင် အားလုံးတို့သည် သံဃာတော်များအား အရုဏ် ဆွမ်းနှင့် နေ့ဆွမ်းများ၊ ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

အလှူရှင် အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
Tuesday, 30 October 2012
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၁၅) ရက်၊ ၃၀.၁၀.၂၀၁၂ အင်္ဂါနေ့ အဘိဓမ္မာအခါတော်နေ့
အရုဏ် ကြက်သားကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်း ကုသိုလ်ရှင်
မသိန်းယဉ်မွန်ခိုင် (စင်္ကာပူ) ၏ မွေးနေ့အလှူ ကောင်းမှု ဖြစ်ပြီး
နေ့ဆွမ်းလောင်းလှူခြင်းကုသိုလ်ရှင်
ကိုကျော်ဇေယျ + မဇင်သူထက် (ဂျပန်) မှ ကိုကျော်ဇေယျ၏ မွေးနေ့အလှူ ကောင်းမှု ဖြစ်ပါတယ်။
သံဃာတော်များ နေ့ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
မုံညင်းချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အလှူရှင် မွေးနေ့ရှင် များဖြစ်ကြသော မသိန်းယဉ်မွန်ခိုင် နှင့် ကိုကျော်ဇေယျ+မဇင်သူထက် တို့အားလုံးသည် သံဃာတော်များအားအရုဏ် ဆွမ်းနှင့် နေ့ဆွမ်းများ၊ ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။
အဘိဓမ္မာအခါတော်နေ့ မြတ်စွာဘုရားကို ပူဇော်ခြင်း

ယနေ့ ဆွမ်းလောင်းလှူခြင်း ကုသိုလ်ကို ကိုရီးတို့ ညီအကိုသုံးယောက်(ရန်ကုန်)မှ ကုသိုလ်ယူလောင်းလှူပေးခဲပါတယ်။
အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ၊
သန္နဒ္ဓေါ ခတ္တိယော ဘာတိ၊ ဈာယီ တပတိ ဗြဟ္မဏော၊
အထသဗ္ဗမဟောရတ္တိံ ၊ ဗုဒ္ဓေါတပတိတေဇသာ၊
(ဓမ္မပဒ၊သံယုတ္တ)
တာဒိသံ တေဇသမ္မန္နံ၊ ဗုဒ္ဓံဝန္ဒာမိ အာဒရံ။ (ပေါရာဏ)

အာဒိစ္စော၊ ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ထွန်းပြောင်ထိန်လင်း ရှင်နေမင်းသည်။ ဒိဝါ၊ နေ့အခါမှသာလျှင်၊ တပတိ၊ ထွန်းလင်းကျက်သရေတင့်တယ်လှပါပေ၏။ စန္နိမာ၊ ယုန်ဖြူလနန်း သော်တာစန်းသည်။ ရတ္တိံ၊ ညဥ့်အခါမှသာလျှင် တပတိ၊ထွန်းလင်းကြက်သရေ တင့်တယ်လှပါပေ၏။ ခတ္တိယော၊ ရေမြေပိုင်သ စိုးရသနင်းပြည့်ရှင်မင်းသည်။ သန္နဒ္ဓေါ၊ ရွှေ၊ငွေ၊စိန်၊ကျောက် ထိန်ထိန်တောက်သည့် မင်းမြောက်တန်ဆာ ဆင်ယင်မှသာလျှင်။ ဘာတိ၊ ထွန်းလင်းကျက်သရေ တင့်တယ်လှပါပေ၏။ ဗြဟ္မဏော၊ ကိသေလာကုန်ခန်း ရဟန္တာ ပုဂ္ဂိုလ်သည်။ ဈာယီ၊ အဘိဉာဉ်ဝင်စား ဈန်ကစားမှသာလျှင်။ တပတိ၊ ထွန်းလင်းကျက်သရေ တင့်တယ်လှပါပေ၏။ အထ၊ ထိုမှကြူး၍ ထူးသည်မှာကား။ ဗုဒ္ဓေါ၊ သစ္စာလေးပါးမြတ် တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရားသည်။ တေဇသာ၊ ကြက်သရေမျိုးစုံ တန်ခိုးဂုဏ်အားဖြင့်။ သဗ္ဗမဟောရတ္တိံ၊ နေ့ရောညဥ့်ပါဘယ်ခါမဆိုင်း အချိန်တိုင်း၌သာလျှင်၊တပတိ ၊ ထွန်းလင်း ကျကသရေ တင့်တယ်လှပါပေ၏။ တာဒိသံတေဇသမ္မန္နံ၊ ထိုသို့ ကြက်သရေမျိုးစုံတန်ခိုးဂုဏ်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ နေမင်း၊လမင်း၊ရဟန်းတသင်းတို့ထက် ထွန်းလင်းကြက်သရေ တင့်တယ်တော်မူပေ ထသော။ ဗုဒ္ဓံ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင်သိမြင်တော်မူသော မြတ်စွာဘုရားကို။ အဟံ၊ တပည့်တော်သည်။ အာဒရံ ၀န္ဒာမိ၊ ဗုဒ္ဓဂုဏ်ကို အာရုံထပ်ထပ် စိတ်ဇောကပ်လျှက် မပြတ်ရိုကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါသည် မြတ်စွာဘုရား။
ဒီဂါထာကတော့ အလုံးစုံမင်္ဂလာရှိလို့ "သဗ္ဗမင်္ဂလာ" ဂါထာ, တစ်ထောင်တန်လို့" သဟဿရဟ" သစ္စာပြုတာမို့ "သစ္စ"ဂါထာလို့ခေါ်တဲ့ ဂါထာပါ။
ဓမ္မပဒပါဠိ, သံယုတ္တပါဠိတော်မှာလာတဲ့ ဂါထာပါ။ တချို့ပါဠိရတယ်။ အနက်မရ။ တစ်ချို့ ပါဠိ၊အနက် ရပြန်တော့ ဂါထာဖြစ်ပေါ်လာပုံကိုမသိကြဘူး။ ဒါကြောင့် ပါဠိ၊ အနက်၊ ဂါထာဖြစ်ပေါ်လာပုံလေးကို ရေးသား ပေးလိုက်ပါတယ်။
မြတ်စွာဘုရားဟာ တစ်ခုသော သီတင်းကျွတ်လပြည့်နေ့ညမှာ တရားဟောပလ္လင်ပေါ်မှာ သီတင်းသုံး နေပါတယ်။ အဲဒီအချိန်မှာ နေမင်းကြီး ၀င်တော့မည်ဆဲဆဲ အနောက်တောင်ပေါ်မှာ မေးတင်နေပါတယ်။ အရှေ့ဥဒည်စွန်းမှာတော့ ငွေလမင်းကြီးထွက်ပေါ်စပြုနေပါပြီ။ တစ်ဖက်မှာတော့ ပေဿနဒီကောသလမင်းကြီး မင်းတန်ဆာအစုံဝတ်ဆင်ပြီး မှူးမတ် ဗိုလ်ပါအခြံအရံနဲ့ တရားနာနေပါတယ်။ တစ်ဖက်မှာတော့ ကာဠုဒါယီ ရဟန္တာမထေရ်မြတ်ကြီး ဈန်ဝင်စားပြီးနေပါတယ်။ မြတ်စွာဘုရား၊ နေမင်း၊ လမင်း၊ ကောသလမင်း၊ ကာဠုဒါယီ မထေရ်တို့ဟာ အသီးသီး သူ့ကြက်သရေနဲ့သူ ရှိနေတာကို ရှင်အာနန္ဒာမထေရ်မြတ် မြင်တော်မူပါတယ်။ အဲဒီ ကြက်သရေရှိနေတဲ့ ၅ မျိုးထဲမှာ နေမင်းဟာ နေ့အခါမှာပဲ တင့်တယ်တယ်။ လမင်းဟာ ညဥ့်အခါမှာပဲ တင့်တယ်တယ်။ ကောသလမင်းဟာ မင်းမြောက်တန်ဆာ ဆင်ယင်ထားတဲ့အခါမှာဘဲ တင့်တယ်တယ်။ ရဟန္တာ မထေရ်မြတ်ဟာလည်း ဈန်ဝင်စားတဲ့အခါမှဘဲ တင့်တယ်တယ်။ ကြက်သရေရှိတယ်။ သုံးလောကထွဋ်ထား မြတ်စွာဘုရားကတော့ ကြက်သရေမျိုးစုံ တန်ခိုးဂုဏ်တို့ဖြင့် နေ့ရော,ညဥ့်ရော အချိန်ရှိသရွေ့ တင့်တယ်တယ်။ ကြက်သရေရှိတယ်။ အဲဒီလို ရှင်အာနန္ဒာမထေရ်မြတ်က ရှုမြင်တော်မူပါတယ်။ အဲဒီရှုမြင်တော်မူတဲ့အတိုင်း မြတ်စွာဘုရားကို လျှောက်တယ်။ အဲဒီတော့ မြတ်စွာဘုရားက ရှင်အာနန္ဒာ လျှောက်တာကို လက်ခံတော်မူပါ တယ်။ အဲဒါကြောင့် ဒီဂါထာဟာ မြတ်စွာဘုရားဟောဂါထာဖြစ်လာပါတယ်။ အဲဒါက မြတ်စွာဘုရားလက်ထက်က အကြောင်းအရာဖြစ်ပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၅၀၀ လောက် သီဟိုဠ်ကျွန်းမှာ ဘာတိကတိဿမင်းကြီး နန်းစံပါတယ်။ မင်းကြီးဟာ တစ်ခုသော သီတင်းကျွတ်လပြည့်နေ့မှာ မှူးမတ်ဗိုလ်ပါ ပရိတ်သတ်နှင့်အတူ မဟာစေတီကို ဖူးမြော်ရန် ထွက်တော်မူပါတယ်။ အဲဒီအချိန်ကလည်း နေ၀င်ခါနီး လထွက်တဲ့အချိန်ဖြစ်ပါတယ်။ ထုတယ်ကြီးမားတဲ့ မဟာစေတီတော်မြတ်ကြီးအပေါ် အနောက်ဘက်မှ နေ၀င်ခါနီးဆည်းဆာရောင်ခြည်၊ အရှေ့ဘက်မှ လထွက်ခါစ ဖြူဝင်းအေးမြသော လရောင်တို့ကျရောက်ကာ ကြက်သရေရှိနေပုံကို မင်းကြီးမြင်ရတော့ အမတ်ကြီးဘက်ကိုလှည့်ပြီး အမတ်ကြီးတို့ မဟာစေတီတော်မြတ်ကြီး ကြက်သရေ ရှိလိုက်တာ။ မြတ်စွာဘုရားဟောတော်မူတဲ့ ပါဠိတော်မှာ ဒီလိုကြက်သရေရှိတဲ့ဂါထာများ မရှိဘူးလားလို့မေး တော့ အမတ်ကြီးတစ်ယောက်က လက်အုပ်ချီပြီး နေမင်းဘက်ကိုလှည့်ကာ "ဒိဝါတပတိ အာဒိစ္စော" ဟုရွတ်ဆိုပါတယ်။ တဖန်လလမင်းဘက်လှည့်ပြီး"ရတ္တိမာ ဘာတိ စန္ဒိမာ" လို့ ရွတ်ဆိုပါတယ်။ တဖန် ဘာတိကတိဿမင်းကြီး ဘက်ကိုလှည့်ပြီး "သန္ဒဒ္ဓေါ ခတ္တိယော ဘာတိ" လို့ဆိုပါတယ်။ မဟာစေတီအနီးရှိ သံဃာတော်များသီတင်းသုံးတဲ့ မဟာဝိဟာရကျောင်းဘက်လှည့်ပြီး "ဈာယီ တပတိ ဗြဟ္မဏော" လို့ရွတ်ဆိုပါတယ်။ နောက်ဆုံးကျတော့မှ နေရောင်လရောင် တို့ဖြင့် တင့်တယ်လျက်ရှိတဲ့ မဟာစေတီတော်မြတ်ကြီး ဘက်ကိုလက်အုပ်ချီလှည့်ပြီး " အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါတပတိ တေဇသာ" လို့ဆိုပြီး ဘုရားရှိခိုးလိုက်ပါတယ်။
အဲဒီအခါမှာ ဘာတိကတိဿမင်းကြီးက "အိုအမတ်ကြီး လက်အုပ်ကိုမချလိုက်ပါနဲ့ဦး" လို့ပြောပြီး အသပြာတစ်ထောင်ထုပ်ကို အမတ်ကြီးရဲ့ လက်ထဲထည့်ပြီး ပူဇော်လိုက်ပါတယ်။ အဲဒါကြောင့် ဒီ "ဒိဝါတပတိဂါထာ" ဟာသဟဿရဟ=သဟဿ= တစ်ထောင်။ အရဟ=ထိုက်တန်တဲ့ တစ်ထောင်တန်ဂါထာ လို့ဆိုပါတယ်။ သစ္စာပြုရာ ရောက်လို့ "သစ္စာ"ဂါထာလို့လည်း ဆိုပါတယ်။ ဆိုတာလေးကို သီတင်းကျွတ်လပြည့်အမှီ သုံးလောကထွဋ်ထား သဗ္ဗညု မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရှိခိုးလိုက်ကြပါကုန်စို့………………………..။

Monday, 29 October 2012
သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု သီတင်းကျွတ်လဆန်း (၁၄) ရက်၊ ၂၉.၁၀.၂၀၁၂ တနင်္လာနေ့
အရုဏ် ကြက်သား ကြာဇံဟင်းခါးဆွမ်း ကပ်လှူခြင်းနှင့် နေ့ဆွမ်း လောင်းလှူခြင်း ကုသိုလ်ရှင်
မွန်ကြည်စိန် + မမိုးဝင်း မိသားစု (ထိုင်း) ကောင်းမှု အလှူ ဖြစ်ပါတယ်။
သံဃာတော်များ ဆွမ်းဘုန်းပေးနိုင်ရန်အတွက်
ဆွမ်း
ဝက်သားဟင်း
ထောပတ်ပဲနှပ်
သံပုရာသီးအချဉ်သုပ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။
ယနေ့ အလှူ ရှင် မွန်ကြည်စိန် + မမိုးဝင်း မိသားစု တို့သည် သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ၊ ဆပ်ကပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ယနေ့မှ စ၍ ဆွမ်းအကျိုး ငါးပါးပြည့်စုံပြီး စိတ်ချမ်းသာကိုယ် ကျန်းမာစွာဖြင့် သာသနာအကျိုး၊ လောက ကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ကြပါစေလို့ ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုတောင်းပေးလိုက်ပါတယ်။

အလှူရှင်အားလုံးတို့နှင့်အတူ ကြည်ညို သဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ။
မှတ်ချက်။ ။ ယနေ့ ကော်နက်ရှင် အခက်အခဲကြောင့် အလှူဓာတ်ပုံများ စုံလင်အောင် တင်လို့မရပါသဖြင့် နားလည် သည်းခံပေးစေလိုပါသည်။
Subscribe to:
Posts
(Atom)