Powered by Blogger.

Blog Archive

ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ

သြ၀ါဒစကား လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ ယူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို သိမ်းပိုက်ခြင်းဖြစ်သည်။ လှူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် ထိုလောဘ၊ ဒေါသ စသော ကိလေသာကုန်ရာကို ပြောခြင်းဖြစ်သည်။ မေတ္တာရှင်(ရွှေပြည်သာ)
Wednesday, 19 September 2012
Inline image 1Inline image 2Inline image 3Inline image 4Inline image 5Inline image 6Inline image 7Inline image 8Inline image 9Inline image 10Inline image 11Inline image 12
 ၁၉.၉.၂၀၁၂ ဗုဒ္ဓဟူးနေ့ ဆွမ်းလောင်းလှူခြင်း

သာသနာတော်နှစ် ၂၅၅၆ ခုကောဇာသက္ကရာဇ် ၁၃၇၄ ခု တော်သလင်းလဆန်း  (၄) ရက် ၁၉.၉.၂၀၁၂  ဗုဒ္ဓဟူးနေ့
ဦးခင်အောင်တင်+ဒေါ်ခင်ခင်ဦး မိသားစု(စင်္ကာပူ)
မှ နံနက်အရုဏ်တက်ချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား
အရုဏ် အုန်းနို့ခေါက်ဆွဲဆွမ်း ကပ်လှူခဲ့ပြီး

သံဃာတော်များ နေ့ဆွမ်း ဘုန်းပေးနိုင်ရန်အတွက်

ဆွမ်း
ကြက်သားဟင်း
ပဲစားဥ
ချဉ်ပေါင်ရွက်ကြော်
ပါလချောင်ကြော်  စသည့် ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါတယ်။

ယနေ့ အလှူရှင်ဦးခင်အောင်တင်+ဒေါ်ခင်ခင်ဦး မိသားစု(စင်္ကာပူ)သည် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းလောင်းလှူရသော
ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဆွမ်းအကျိုး ငါးပါးပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာ
အဆင်ပြေ အောင်မြင်ပြည့်စုံ၍  သာသနာအကျိုး ၊ လောကကောင်းကျိုးများ သယ်ပိုးဆောင်ရွက် နိုင်ပါစေလို့
 ဆွမ်းလောင်းအသင်း အဖွဲ့မှ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

0 comments:

Post a Comment