Powered by Blogger.

ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ

သြ၀ါဒစကား လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ ယူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို သိမ်းပိုက်ခြင်းဖြစ်သည်။ လှူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် ထိုလောဘ၊ ဒေါသ စသော ကိလေသာကုန်ရာကို ပြောခြင်းဖြစ်သည်။ မေတ္တာရှင်(ရွှေပြည်သာ)
Tuesday, 3 April 2012
Inline image 1
စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး လပြည့်ဝန်းလမ်းသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တောင်ဘက်
ပရိယတ္တိစာသင်တိုက်များနှင့်ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများ တွင်
ညစဉ်အခက်အခဲဖြစ်နေသော လျှပ်စစ်မီး လာလျှင်လည်း ချွေတာ၍ပေးသည် မီးအားအ၀င် ၅၀
တခါတစ်လေဆိုလျှင်လည်း စိတ်ထားကောင်းစွာပေးသောလျှပ်စစ်ဌာနမှမီးအား ၄၀၀ အထိ
၅၀ အ၀င်လည်းသုံးမရ  ၄၀၀ အထိရောက်သွားလျှင်လည်း အကုန်လောင်ကျွမ်း
အဆိုပါလျှပ်စစ်မီးအခက်အခဲများအတွက်
ကိုဇော်ဝင်းမြတ်+မသဉ္ဇာပိုင် (စင်္ကာပူ)မှ
လျှပ်စစ်ထရန်စဖော်မာအိုး တည်ဆောက်လှူဒါန်းခဲ့သည့်အတွက်
အနီးပတ်ဝန်းကျင်ကျောင်းတိုက်များရှိဆရာတော်များနှင့် သီလရှင်ချောင်ဆရာကြီးများ အလွန်ဝမ်းသာပီတိဖြစ်လျှက်ရှိကြပါသည်။
အဆိုပါစီမံကိန်းကို ယခု ဧပြီလမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။
ယခု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှုးမှ အစစအရာရာကူညီမှုတို့နှင့်အတူ ယခု စစ်ကိုင်းတိုင်းလျှပ်စစ်အဖွဲ့မှ တပ်ဆင်ခွင့်ပြုလိုက်ပြီဖြစ်ပါသည်။
မကြာမီ လျှပ်စစ်ဝန်ကြီးမှလည်း တပ်ဆင်ခွင့်လက်မှတ်ရတော့မည်ဖြစ်ပါသည်။
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါစေသာဝ်...
ကိုဇော်ဝင်းမြတ်+မသဉ္ဇာပိုင် တို့အားလည်း အထူးဝမ်းမြောက်စွာဖြင့်ကျေးဇူးတင်ပါသည်။
ဦးဇင်းတို့ဒီစီမံကိန်းအတွက်ဆောင်ရွက်နေသည်မှာကြာပါပြီ။ လုံးဝအဆင်မပြေခဲ့ပါ။
မည်သူ့ဆီမှလည်း သီးခြားအလှူခံခြင်းလည်းမရှိပါ။ ဦးဇင်းထံသို့ရောက်လာကြသော
အလှူရှင်များ ဘာလိုအပ်သလဲလျှောက်ထားသည့်အခါသာ ယခုစီမံကိန်းကိုရှင်းပြပေးခဲ့ပါသည်။
အားလုံးက "အရှင်ဘုရားတို့အလုပ်မဟုတ် အစိုးရအလုပ်သာဖြစ်တယ်"ဟုသာ ပြန်လည်လျှောက်ထားပြီး ယခုစီမံကိန်း
မအောင်မြင်ခဲ့ပါ။ ယခု သာသနာတော်အတွက်အကျိုးများမည့် အလှူစီမံကိန်းကြီးအောင်မြင်ခဲ့သည့်အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်မိပါသည်။

1 comment:

  1. အလှူအတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုလိုက်ပါသည်။
    သာဓု..သာဓု..သာဓု...

    ReplyDelete