Powered by Blogger.

ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ

သြ၀ါဒစကား လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ ယူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို သိမ်းပိုက်ခြင်းဖြစ်သည်။ လှူခြင်းသည် သမုဒယသစ္စာခေါ် တဏှာကို လက်တွေ့ပယ်သတ်ခြင်းဖြစ်သည်။ နိဗ္ဗာန်ဟူသည် ထိုလောဘ၊ ဒေါသ စသော ကိလေသာကုန်ရာကို ပြောခြင်းဖြစ်သည်။ မေတ္တာရှင်(ရွှေပြည်သာ)
Saturday, 4 February 2012

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့ မန္တလေးကျောင်းတိုက်၊ မြိတ်မြို့ သစ်ညီနောင်ဓမ္မရိပ်သာ

၊ကော့သောင်းမြို့ ဝေနေယျသုခ ဓမ္မရိပ်သာ၊ မှော်ဘီမြို့နယ် သုဒ္ဓဝိပဿနာရိပ်သာ၊

ရပ်စောက်မြို့ ရွှေပြည်သာဓမ္မရိပ်သာ ကျောင်းတိုက်များ၏

ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တ ဇ၀န ဗဟုဇနဟိတဓရ အရှင်သူမြတ်၏

သက်တော် (၄၈) နှစ်ပြည့် ဝိဇာတမင်္ဂလာ အခမ်းအနားကို

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ကျင်းပပူဇော်မည်ဖြစ်ပါ၍

ကြွရောက်တရားနာ ကုသိုလ်ယူနိုင်ပါရန်ဖိတ်ကြားအပ်ပါသည်။

+++ အခမ်းအနားအစီအစဉ်များ +++

နေ့ရက်- ၁၃၇၃-ခု၊ တပိုတွဲလပြည့်နေ့၊ (၇-၂-၂၀၁၂) အင်္ဂါနေ့ ၊

နံနက် ၅ နာရီခွဲအချိန်တွင် သံဃာ အပါး(၁၀၀၀) တို့အား နတ်သုဒ္ဒါဆွမ်းနှင့်စာရေးတံမဲများ

လှူဒါန်းမည်ဖြစ်ပါသည်။

နံနက်ခင်း ၉ နာရီအချိန်တွင် အကယ်ဒမီဒေါ်ချိုပြုံးနှင့် တေးဂီတရှင်များမှ ဆရာတော်အား

ပူဇော်မည်ဖြစ်ပါသည်။

ည (၈း၃၀) နာရီ အချိန်တွင် ဆရာတော်အား တပည့်သာဝကများမှ စုပေါင်းလှူဒါန်းသော

မော်တော်ကားရေစက်ချပွဲ ဓမ္မသဘင်ဖြစ်ပါသည်။

နေရာ - သဒ္ဓမ္မပါလကျောင်းတိုက်၊ လပြည့်ဝန်းလမ်း၊ သီတဂူဗုဒ္ဓတက္ကသိုလ်တောင်ဘက်၊

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့ ။

အကုသိုလ် ဒေါသစိတ်ဖြင့် သူတစ်ပါး၏ မကောင်းကွက်ကိုကြည့်လျှင် အကုသိုလ်လည်း ဖြစ်သည်။ စိတ်လည်းဆင်းရဲသည် ။ အပါယ်သို့လည်းသွားသည်။ ကုသိုလ်စိတ်ဖြင့် သူတစ်ပါး၏ ကောင်းကွက်ကိုကြည့်လျှင် ကုသိုလ်လည်းရသည်။ စိတ်လည်းချမ်းသာသည်။ နိဗ္ဗာန်နှင့်လည်း နီးသည်။

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့နှင့်သာဝကများ

0 comments:

Post a Comment