Powered by Blogger.
Labels
- MP3 (1)
- ကယ်ဆယ်ရေးလုပ်ငန်းများ (1)
- ကျန်းမာရေး (2)
- ဆရာတော်ကြီးများ (3)
- ဆွမ်းလောင်းအသင်း (203)
- တစ်ဦးချင်းလှူဒါန်းမှု (12)
- တနင်္လာနေ့ဆွမ်းလောင်းလှူခြင်း (30)
- ယာနဒါနအလှူ (1)
- အခမဲ့ကွန်ပျူတာသင်တန်းများ (1)
- အနာကြီးရောဂါသည်များ (7)
- အလှူ (3)
- ဆောင်းပါး (1)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် (3)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ဟောကြားပြီး တရားတော်များ (5)
ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ
Saturday, 8 October 2011
သာသနာတော်နှစ် ၂၅၅၅ ခုကောဇာသက္ကရာဇ် ၁၃၇၃ ခု သီတင်းကျွတ်လဆန်း (၁၁)ရက် စနေနေ့
မိခင်ဒေါ်တင်တင်လှိုင်အားအမှုးထား၍ သားမောင်ထွန်းထွန်းစိုး နှင့် ဓမ္မမိတ်ဆွေများ အလှူပွဲ
အရုဏ်ကြက်သားကြာဇံချက်ဆွမ်းကပ်
ဆွမ်းလောင်းလှူခြင်း
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
ပဲတီချဉ်သုတ်
ပါလချောင်ကြော် စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါသည်။
အလှူရှင်များမှ
သံဃာ အပါး ၃၀၀ နှင့်သီလရှင် အပါး ၃၀၀ တို့အား
ဗလာစာအုပ်၊
ဘောပင်
ဆပ်ပြာမှုန့်
ဆပ်ပြာခဲ
ခေါက်ဆွဲခြောက်
ကော်ဖီမစ်
ခေါင်းရိတ်ဓါး
န၀ကမ္မ တစ်ပါးလျှင် ၂၀၀ ကျပ် စီလှူဒါန်းပေးခဲ့ကြပြီး
အလှူရှင် တို့ ၏ဓမ္မမိတ်ဆွေများ ဖြစ်ကြသော ဦးဆန်းထွန်း+ဒေါ်အေး မိသားစုတိုမှလည်းသံဃာတစ်ပါးလျှင် န၀ကမ္မ ၅၀၀ ကျပ်စီလှူဒါန်းပေးခဲ့ကြပါသည်။
အလှူရှင်ဖြစ်ကြသော မိခင်ဒေါ်တင်တင်လှိုင်အားအမှုးထား၍ သား မောင်ထွန်းထွန်းစိုးနှင့်ဓမ္မမိတ်ဆွေများမှ ဆွမ်းလောင်းရာတွင် အဆင်ပြေစေရန်
ယာယီမိုးကာတဲ ၂ လုံးလှူဒါန်းခဲ့ကြပါသည်။
အလှူရှင်များသည် သံဃာတော်များအား ဆွမ်းလောင်းလှူပြီးချိန်တွင် သီလရှင် အပါး (၃၀၀) တို့အား အရုဏ်ဆွမ်းကပ်လှူ၍
ဗလာစာအုပ်၊
ဘောပင်
ဆပ်ပြာမှုန့်
ဆပ်ပြာခဲ
ခေါက်ဆွဲခြောက်
ကော်ဖီမစ်
ခေါင်းရိတ်ဓါး
န၀ကမ္မ တစ်ပါးလျှင် ၂၀၀ ကျပ် စီလှူဒါန်းပေးခဲ့ကြပြီး
အလှူရှင် တို့ ၏ဓမ္မမိတ်ဆွေများ ဖြစ်ကြသော ဦးဆန်းထွန်း+ဒေါ်အေး မိသားစုတိုမှလည်းသံဃာတစ်ပါးလျှင် န၀ကမ္မ ၅၀၀ ကျပ်စီလှူဒါန်းပေးခဲ့ကြပါသည်။
သီလရှင်များလှူဒါန်းမှုပြီးစီးချိန်တွင် ဆွမ်းလောင်းအသင်း နာယကဆရာတော် ဖြစ်တော်မူသော စစ်ကိုင်းတောင်ရိုးမြစကြာ ကျောင်းတိုက် ပဓါန နာယက ဆရာတော်
အရှင် ဣန္ဒကာဘိဝံသ အရှင်သူမြတ်မှ ရေစက်ချအနုမောဒနာတရားချီးမြင့်ခဲ့ကြပါသည်။
အလှူရှင်များမှ ဆရာတော် အားန၀ကမ္မ ငါးသောင်းကျပ်နှင့်အတူ ဦးကောဝိဒ အား န၀ကမ္မ ငါးသောင်းကျပ်တို့အားလှူဒါန်းပြီး လှူဒါန်းမှုအစုစုအား ရေစက်သွန်းချ အမျှ
ပေးဝေခဲ့ကြပါသည်။
သံဃာတော်များသပိတ်တင်ရန်စင်အခက်အခဲအတွက် ကိုသက်ညိုဝင်းအောင်+မခင်မို့မို့ဝင်း (မြတ်တော်ဝင်ရေယဉ်မိသားစုမှ) စတီးသပိတ်တင်ရန်စင်
အားလှူဒါန်းခဲ့ပါသည်။ သပိတ် အလုံး (၄၀)အတွက်အဆင်ပြေပါသည်။ ဆက်လက်၍ သပိတ်တင်ရန်စင် များလိုအပ်လျှက်ရှိပါသည်။
တစ်ခုလျှင် နှစ်သိန်းငါးသောင်းကျပ်ကုန်ကျပါမည်။
မအေးဇာနွယ်စင်ကာပူ မှ စင်ကာပူဒေါ်လာ (၁၀၀)ကျပ်လှူဒါန်းထားပါသည်။
ယနေ့အထူးအစီအစဉ်အနေဖြင့် ယနေ့နံနက်လှူဒါန်းမှု ရေစက်ချလှူဒါန်းမှုများအား www.dhammavideo.com မှ ဓမ္မဒါနအဖြစ် www.mettashinfoundation.org ဆိုက် နှင့် http://www.myanmartube.net/live/154 လင့်တို့မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။ ပြန်လည်ကြည့်ရှုကြည်ညိုလိုသူများ http://www.myanmartube.net/live/1257 http://www.myanmartube.net/live/1262 စသည့်လင့်များတွင် ကြည်ညိုနိုင်ကြပါသည်။












































အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...
Subscribe to:
Post Comments
(Atom)
0 comments:
Post a Comment