Powered by Blogger.
Labels
- MP3 (1)
- ကယ်ဆယ်ရေးလုပ်ငန်းများ (1)
- ကျန်းမာရေး (2)
- ဆရာတော်ကြီးများ (3)
- ဆွမ်းလောင်းအသင်း (203)
- တစ်ဦးချင်းလှူဒါန်းမှု (12)
- တနင်္လာနေ့ဆွမ်းလောင်းလှူခြင်း (30)
- ယာနဒါနအလှူ (1)
- အခမဲ့ကွန်ပျူတာသင်တန်းများ (1)
- အနာကြီးရောဂါသည်များ (7)
- အလှူ (3)
- ဆောင်းပါး (1)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် (3)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ဟောကြားပြီး တရားတော်များ (5)
ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ
Tuesday, 10 April 2012





သာသနာတော်နှစ် ၂၅၅၅ခု ကောဇာက္ကရာဇ် ၁၃၇၄ ခု တန်ခူးလပြည့်ကျော် (၅)ရက် ဗုဒ္ဓဟူးနေ့
သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းအဖြစ် ကြက်သားကြာဇံချက်ဆွမ်းအားကပ်လှူပေးခဲ့ပါည်။
အလှူရှင်မှာ မဖြိုးနန္ဒာအေး (စင်္ကာပူ)မှ ၁၀.၄.၂၀၁၂ ရက်နေ့တွင်ကျရောက်သော မွေးနေ့အလှူအဖြစ်လှူဒါန်းခဲ့ပါသည်။
မဖြိုးနန္ဒာအး ယနေ့ မွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းကပ်လှူရသော ကုသိုလ်ကံစေတနာတို့ကြောင့်
စိတ်ချမ်းသာကိုယ်ကျန်မာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံ၍ ဘာသာသသနာအကျိုးများသယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆွမ်းလောင်းအသင်းမှ
ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
Thursday, 5 April 2012










သာသနာတော်နှစ် ၂၅၅၅ခု ကောဇာက္ကရာဇ် ၁၃၇၃ ခု တန်ခူးလပြည့် သောကြာနေ့ ၆.၄.၂၀၁၂
ဖခင် ဦးဥာဏ်ထွန်း၏ (၆၃)နှစ်ပြည့် မွေးနေ့အလှူအဖြစ်
မနှင်းသန္တာထွန်း(စင်္ကာပူ)၏ အလှူ
အရုဏ်ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခြင်းနှင့်
သံဃာတော်များနေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက် ဆွမ်းလောင်းလှူ ရာတွင်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
ပဲတီချဉ်သုတ်
ပါလချောင်ကြော်
စသည့်ဟင်းလျာများဖြင့် လောင်းလှူပေးခဲ့ပါသည်။
ယနေ့မွေးနေ့ရှင်နှင့် ကုသိုလ်ရှင်များ သံဃာတော်များအား တစ်နေ့တာ အဟာရဒါနအဖြစ် အရုဏ်ဆွမ်းနှင့်နေ့ဆွမ်းများလောင်းလှူကုသိုလ်ပြုသောကောင်းမှုကံစေတာာတို
ကြောင့် စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် အစစအရာရာအဆင်ပြေအောင်မြင်ပြည့်စုံကြပါစေလို့ ဆွမ်းလောင်းအသင်းမှဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
Tuesday, 3 April 2012

စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး လပြည့်ဝန်းလမ်းသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တောင်ဘက်
ပရိယတ္တိစာသင်တိုက်များနှင့်ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများ တွင်
ညစဉ်အခက်အခဲဖြစ်နေသော လျှပ်စစ်မီး လာလျှင်လည်း ချွေတာ၍ပေးသည် မီးအားအ၀င် ၅၀
တခါတစ်လေဆိုလျှင်လည်း စိတ်ထားကောင်းစွာပေးသောလျှပ်စစ်ဌာနမှမီးအား ၄၀၀ အထိ
၅၀ အ၀င်လည်းသုံးမရ ၄၀၀ အထိရောက်သွားလျှင်လည်း အကုန်လောင်ကျွမ်း
အဆိုပါလျှပ်စစ်မီးအခက်အခဲများအတွက်
ကိုဇော်ဝင်းမြတ်+မသဉ္ဇာပိုင် (စင်္ကာပူ)မှ
လျှပ်စစ်ထရန်စဖော်မာအိုး တည်ဆောက်လှူဒါန်းခဲ့သည့်အတွက်
အနီးပတ်ဝန်းကျင်ကျောင်းတိုက်များရှိဆရာတော်များနှင့် သီလရှင်ချောင်ဆရာကြီးများ အလွန်ဝမ်းသာပီတိဖြစ်လျှက်ရှိကြပါသည်။
အဆိုပါစီမံကိန်းကို ယခု ဧပြီလမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။
ယခု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှုးမှ အစစအရာရာကူညီမှုတို့နှင့်အတူ ယခု စစ်ကိုင်းတိုင်းလျှပ်စစ်အဖွဲ့မှ တပ်ဆင်ခွင့်ပြုလိုက်ပြီဖြစ်ပါသည်။
မကြာမီ လျှပ်စစ်ဝန်ကြီးမှလည်း တပ်ဆင်ခွင့်လက်မှတ်ရတော့မည်ဖြစ်ပါသည်။
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါစေသာဝ်...
ကိုဇော်ဝင်းမြတ်+မသဉ္ဇာပိုင် တို့အားလည်း အထူးဝမ်းမြောက်စွာဖြင့်ကျေးဇူးတင်ပါသည်။
ဦးဇင်းတို့ဒီစီမံကိန်းအတွက်ဆောင်ရွက်နေသည်မှာကြာပါပြီ။ လုံးဝအဆင်မပြေခဲ့ပါ။
မည်သူ့ဆီမှလည်း သီးခြားအလှူခံခြင်းလည်းမရှိပါ။ ဦးဇင်းထံသို့ရောက်လာကြသော
အလှူရှင်များ ဘာလိုအပ်သလဲလျှောက်ထားသည့်အခါသာ ယခုစီမံကိန်းကိုရှင်းပြပေးခဲ့ပါသည်။
အားလုံးက "အရှင်ဘုရားတို့အလုပ်မဟုတ် အစိုးရအလုပ်သာဖြစ်တယ်"ဟုသာ ပြန်လည်လျှောက်ထားပြီး ယခုစီမံကိန်း
မအောင်မြင်ခဲ့ပါ။ ယခု သာသနာတော်အတွက်အကျိုးများမည့် အလှူစီမံကိန်းကြီးအောင်မြင်ခဲ့သည့်အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်မိပါသည်။
Subscribe to:
Posts
(Atom)