Labels
- MP3 (1)
- ကယ်ဆယ်ရေးလုပ်ငန်းများ (1)
- ကျန်းမာရေး (2)
- ဆရာတော်ကြီးများ (3)
- ဆွမ်းလောင်းအသင်း (203)
- တစ်ဦးချင်းလှူဒါန်းမှု (12)
- တနင်္လာနေ့ဆွမ်းလောင်းလှူခြင်း (30)
- ယာနဒါနအလှူ (1)
- အခမဲ့ကွန်ပျူတာသင်တန်းများ (1)
- အနာကြီးရောဂါသည်များ (7)
- အလှူ (3)
- ဆောင်းပါး (1)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် (3)
- မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ဟောကြားပြီး တရားတော်များ (5)
ကိုယ်စိတ်နှစ်ဖျာဘေးရန်ကွာ ချမ်းသာကြပါစေ














အရုဏ် ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခြင်းနှင့်ဆွမ်းလောင်းလှူခြင်းကုသိုလ်ရှင်
ဦးအောင်ကိုသန့်+ဒေါ်နှင်းအိခိုင်(စင်္ကာပူ)မှ ဒေါ်နှင်းအိခိုင်၏ မွေးနေ့အလှူဖြစ်ပါသည်။
သံဃာတော်များနေ့ဆွမ်းဘုန်းပေးသုံးဆောင်နိုင်ရန်အတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုတ်
ပါလချောင်ကြော် စသည့် ဟင်းလျာများဖြင့်လောင်းလှူပေးခဲ့ပါသည်။
ယနေ့မွေးနေ့အလှူရှင် သံဃာတော်များကိုဆွမ်းလုပ်ကျွေးရသောကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့် အစစအရာရာအဆင်ပြေအောင်မြင်
ပြည့်စုံ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာအကျိုး၊လောကအကျိုးများသယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ဆွမ်းလောင်းအသင်မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
ကမ္ဘာပျက်သည်အထိရှိနေမည့်ဘဏ်
အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန် စသောနိုင်ငံများရှိ ဘဏ်များသည် အာမခံ မည်မျှပေးပေး ကမ္ဘာပျက်ပါက အတူတူလိုက်ပျက်ရမည့် ဘဏ်များသာ ဖြစ်သည်။ ဒါနဘဏ်တိုက်၌ အပ်ထားသော ကုသိုလ်ဥစ္စာများကား ကမ္ဘာ ပျက်သော်လည်း မပျက်ပေ။ သံသရာတလျှောက် ကုသိုလ်ပြုထားသူ နောက်သို့ တကောက်ကောက်လိုက်၍ ကောင်ကျိုးပေးနေမည်သာဖြစ်သည်။
ကျွန်ုပ်သည် အသက် နှစ်ဆယ်အရွယ် စာသင်သားဘ၀က ၀က်သားဟင်း တခွက်ကို စာသင်သားတစ်ပါးအား လှူဒါန်းပြီး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကို အပ်နှံခဲ့သည်။ ထိုကုသိုလ် ဥစ္စာများသည် ယခု အသက် ၄၇ နှစ်တိုင်အောင်သုံး၍ မကုန်တော့ပေ။ ၁၃၇၃ခုနှစ် သင်္ကြန်တွင်း တရားစခန်း၌ ယောဂီ သုံးထောင့်တစ်ရာကျော် ၀င်ရောက်အားထုတ်ခဲ့သည်။ ထိုယောဂီများအတွက် ခုနှစ်ရက်စာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများကို အလှူမခံဘဲ သူ့အလိုလိုလာလှူကြသည်။
ဂျပန်နိုင်ငံ၌ ဆူနာမီ ရေလှိုင်းများဝင်ရောက်ခဲ့ရာ မြို့ကြီးနှစ်မြို့ ကွယ်ပျောက်ပျက်စီးခဲ့ရသည်။ မလှူရ မတန်းရသေးသော ဥစ္စာစည်းစိမ် တိုက်တာခြံမြေအားလုံး ရေလှိုင်းတွေထဲ ပါသွားခဲ့သော်လည်း ဂျပန်လူမျိုးများ ပြုထားသည့် ကုသိုလ်ဥစ္စာများသည်ကား မပျက်မစီး ထာဝရတည်မြဲလျှက် ရှိသည်။ ထို့ကြောင့် သံဃာများကို ဆွမ်းလောင်းလှူခြင်းဖြင့် စိတ်ချရဆုံး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကို အပ်နှံသင့်ကြ ပေသည်။



မကွေးတိုင်းမြို့သစ်မြို့နယ်ရုံ
ရုံးတောကျေးရွာသားများမှ အရှင်ဇ၀န မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်ထံ သို့လာရောက်အကူအညီတောင်းခံခဲ့ပါသည်။
ဆရာတော် မှမိန့်ကြားမှုဖြင့် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ သွားရောက်စုံစမ်းလေ့လာခဲ့ပြီး အမှန်တကယ်လိုအပ်မှုအတွက်
၁၆.၁.၂၀၁၂ ရက်နေ့မှစတင်တူးဖော်ခဲ့ပါသည်။ တွင်းအနက်မှာ ပေ ၄၀၀ အထိတူးရမည်ဖြစ်ပြီး။ တွင်းအကျယ်မှာ ၄လက်မခွဲရှိရာ
ကုန်ကျစားရိတ်စုစုပေါင်းမှာ ကျပ်သိန်းပေါင်း တစ်ရာတစ်ဆယ်အထိကုန်ကျမည်ဖြစ်ပါသည်




စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး။လပြည့်ဝန်းလမ်းထဲရှိ လမ်းသွယ်တစ်ခုအား မေတ္တာရှင်ဖောင်ဒေးရှင်းမှ
ပေ ၅၅၀ ကွန်ကရစ်လမ်းခင်းခဲ့ပြီး ကျန်ရှိသောလမ်းပိုင်းအတွက် အလှူရှင်အသီးသီးမှ ၁၀ ပေလျှင် နှစ်သိန်းကျပ်ဖြင့် လှူဒါန်းခင်းကျင်းလျှက်ရှိရာ မူဆယ်မြို့မှ၁။ဦးဇော်မင်း+ဒေါ်ဝင်းပြုံး ၁၀ ပေ။
၂။ဒေါ်ထား မိသားမစု ၅ ပေ။
၃။ကျော်သူစိုး+မကြူကြူအောင် မိသားစုမှ ၅ပေ။